ရန်ကုန် ဇွန် ၃၀
တရုတ်ပြည်သူ့သမ္မတနိုင်ငံက မြန်မာနိုင်ငံအတွက် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး နှစ်သန်း doses အား အာဆီယံအလှည့်ကျဥက္ကဋ္ဌ၏ မြန်မာနိုင်ငံ ဆိုင်ရာ အထူးကိုယ်စားလှယ်ထံ ပေးအပ်လှူဒါန်း သော အခမ်းအနားကို ယနေ့နံနက် ၈ နာရီခွဲတွင် ရန်ကုန်မြို့ ပြည်လမ်းရှိ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံ အမတ်ကြီးနေအိမ်တွင် ကျင်းပသည်။
ရှေးဦးစွာ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ် ကြီး မစ္စတာ ချန်းဟိုင်က ကိုဗစ်-၁၉ ရောဂါကာကွယ် ဆေး နှစ်သန်း doses ပေးအပ်လှူဒါန်းမှုနှင့် စပ်လျဉ်း ၍ ရှင်းလင်းပြောကြားသည်။
ထို့နောက် အာဆီယံအဖွဲ့၏ ဒုတိယအတွင်းရေး မှူးချုပ် H.E. Mr. Ekkaphab Phanthavong က အာဆီယံနိုင်ငံများအတွင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံမှုနှင့် လက်ရှိအခြေအနေတို့ကို ရှင်းလင်းပြောကြားသည်။
ယင်းနောက် အာဆီယံအလှည့်ကျဥက္ကဋ္ဌ၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် ကမ္ဘော ဒီးယားနိုင်ငံ ဒုတိယဝန်ကြီးချုပ် နိုင်ငံခြားရေးနှင့် အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီး H.E. Mr. Prak Sokhonn က ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ပေးအပ်လှူဒါန်းမှုအပေါ် ကျေးဇူးတင် စကား ပြောကြားသည်။
ထို့နောက် အာဆီယံအဖွဲ့၏ ဒုတိယအထွေထွေ အတွင်းရေးမှူးချုပ် H.E. Mr. Ekkaphab Phanthavong နှင့် အာဆီယံအလှည့်ကျဥက္ကဋ္ဌ၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် ကမ္ဘော ဒီးယားနိုင်ငံ ဒုတိယဝန်ကြီးချုပ် နိုင်ငံခြားရေးနှင့် အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီး H.E. Mr. Prak Sokhonn ထံသို့ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး မစ္စတာချန်းဟိုင်က ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး နှစ်သန်း doses အား ပေးအပ် လှူဒါန်းသည်။
အဆိုပါ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ပေးအပ်လှူဒါန်းပွဲသို့ အာဆီယံအဖွဲ့၏ ဒုတိယ အထွေထွေအတွင်းရေးမှူးချုပ် H.E. Mr. Ekkaphab Phanthavong ၊ အာဆီယံအလှည့်ကျဥက္ကဋ္ဌ၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် ကမ္ဘော ဒီးယားနိုင်ငံ ဒုတိယဝန်ကြီးချုပ် နိုင်ငံခြားရေးနှင့် အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီး H.E. Mr. Prak Sokhonn ဦးဆောင်သော ကိုယ်စား လှယ်အဖွဲ့၊ ကျန်းမာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ပါမောက္ခ ဒေါက်တာအေးထွန်း၊ နိုင်ငံခြားရေး ဝန်ကြီးဌာနမှ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံအမတ်ကြီး မစ္စတာ ချန်းဟိုင်နှင့် သံရုံးအဖွဲ့ဝင်များ၊ မြန်မာနိုင်ငံဆိုင်ရာ ကမ္ဘောဒီးယားနိုင်ငံ သံအမတ် H.E. Mr. CHHOUK Bunna ၊ မြန်မာနိုင်ငံဆိုင်ရာ အာဆီယံနိုင်ငံသံရုံးများမှ သံအမတ်များနှင့် ကိုယ်စားလှယ်များ၊ မြန်မာနိုင်ငံ ဆိုင်ရာ ဥရောပနိုင်ငံများမှ သံအမတ်နှင့် ကိုယ်စား လှယ်များ၊ ရန်ကုန်မြို့အခြေစိုက် ကုလသမဂ္ဂအထူးပြု အေဂျင်စီ MRCS ၊ WFP ၊ WHOနှင့်UNDPမှ ကိုယ်စား လှယ်များ တက်ရောက်ကြသည်။
သတင်းစဉ်



