နေပြည်တော် ဇွန် ၃၀
ချင်းပြည်နယ် ထန်တလန်မြို့ နယ် ပြန်လည်ထူထောင်ရေးနှင့် ပြန်လည် တည်ဆောက်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့ မွန်းလွဲပိုင်းတွင် ချင်း ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်း အဝေးခန်းမ၌ ပြုလုပ်ရာ ပြည်နယ် ဝန်ကြီးချုပ် ဦးငွန်ဆန်းအောင်၊ အနောက်မြောက်တိုင်း စစ်ဌာန ချုပ် ဒုတိယတိုင်းမှူး ဗိုလ်မှူးချုပ် မျိုးထွဋ်လှိုင်နှင့် ပြည်နယ် ဝန်ကြီးများ၊ ဌာနဆိုင်ရာ တာဝန် ရှိသူများနှင့် ဘာသာရေးအသင်း အဖွဲ့များမှ တာဝန်ရှိသူများ တက်ရောက်ကြသည်။
ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်က အဖွင့်အမှာစကား ပြောကြား သည်။ ထို့နောက် အစည်းအဝေး သို့ တက်ရောက်လာကြသူများက ကိုဗစ်-၁၉ ရောဂါနှင့် အကြမ်းဖက် အဖွဲ့အစည်းများ၏ အဖျက် အမှောင့် လုပ်ငန်းများကြောင့် ပျက်စီးဆုံးရှုံးခဲ့ရသည့် စီးပွားရေး လုပ်ငန်းများ ပြန်လည်ထူထောင် နိုင်ရေးအတွက် ဆွေးနွေးတင်ပြ ကြရာ ပြည်နယ်ဝန်ကြီးချုပ်နှင့် ဒုတိယတိုင်းမှူးတို့က လိုအပ် သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သတင်း ရရှိသည်။
သတင်းစဉ်



