မြန်မာနိုင်ငံ စာကြည့်တိုက်များဖောင်ဒေးရှင်း ဗဟိုအလုပ်အမှုဆောင် အစည်းအဝေးနှင့် စာအုပ်လှူဒါန်းပွဲကျင်းပ

 

ရန်ကုန်   ဇွန်   ၃၀


မြန်မာနိုင်ငံ    စာကြည့်တိုက်များဖောင်ဒေးရှင်းသို့       စေတနာရှင် အလှူရှင်များက  ကျေးရွာစာကြည့် တိုက်များ     ဖွံ့ဖြိုးတိုးတက်ရေး အတွက်     စာအုပ်စာစောင်များ လှူဒါန်းပေးအပ်ပွဲသို့  ယနေ့နံနက်  ၉ နာရီတွင် ရန်ကုန်မြို့ သိမ်ဖြူ လမ်း အမှတ်(၂၂၈) ရှိ မြန်မာနိုင်ငံ စာကြည့်တိုက်များ ဖောင်ဒေးရှင်း အစည်းအဝေးခန်းမ၌      ကျင်းပသည်။

 


ရှေးဦးစွာ         မြန်မာနိုင်ငံ စာကြည့်တိုက်များ  ဖောင်ဒေးရှင်း ဥက္ကဋ္ဌ ဦးညွန့်ဆွေက    နှုတ်ခွန်း ဆက် အမှာစကား ပြောကြားရာ တွင်   မြန်မာနိုင်ငံတွင်   ရှင်သန် အောင်မြင်နေသော   ကိုယ့်အား ကိုယ်ကိုး  စာကြည့်တိုက် ၆၀၀၀ ကျော်        စာရင်းရှိပါကြောင်း၊ မိမိတို့အနေဖြင့်       စာအုပ်များ နှစ်စဉ်ဝယ်ယူပြီး    ထောက်ပံ့ပေး သကဲ့သို့       ယခုအလှူရှင်များ လှူဒါန်းသည့် စာအုပ်များကိုလည်း စာကြည့်တိုက်များသို့    ပေးပို့ခဲ့ ကြောင်း၊ ယခုကဲ့သို့ အလှူရှင် များက  စာအုပ်များလှူဒါန်းသည့် အတွက်  ကျေးဇူးတင်ကြောင်း၊ ယခုစာအုပ်များကို   တိုင်းဒေသ ကြီး၊ ပြည်နယ်ဖောင်ဒေးရှင်းများမှတစ်ဆင့်  ကျေးရွာ၊   ရပ်ကွက် စာကြည့်တိုက်များသို့ ပေးပို့သွား မည်ဖြစ်ကြောင်း၊   အလှူရှင်များ တိုးပွားလာရေးအတွက်   စည်းရုံး ဆောင်ရွက်ပေးရန်   မေတ္တာရပ်ခံ ကြောင်း ပြောကြားသည်။

 


စာအုပ်များ    လှူဒါန်းရခြင်း ရည်ရွယ်ချက်ကို    အလှူရှင်များ ကိုယ်စား          မောင်ရင့်ကျူး (မြောင်းမြ)က ရှင်းလင်းပြောကြား ပြီး   စာအုပ်များ    လှူဒါန်းရာ ဖောင်ဒေးရှင်းဥက္ကဋ္ဌ  ဦးညွန့်ဆွေ က လက်ခံရယူ၍ မှတ်တမ်းတင် ဂုဏ်ပြုလွှာများ ပြန်လည်ပေးအပ်ကာ  ကျေးဇူးတင် စကားပြောကြားသည်။

 


ယနေ့            လှူဒါန်းရာတွင် ဝဏ္ဏကျော်ထင်          ဗိုလ်မှူးကြီး သိုက်ထွန်း(ငြိမ်း)က လှူဒါန်းသည့် သပြေသားနှင့်   မပွေကြမ်း အုပ် ၁၅၀ နှင့်     ဗိုလ်လောင်းသင်တန်း အမှတ်စဉ်(၃၄)    သီဟတေဇ ညီအစ်ကိုများ          လှူဒါန်းသည့် (၅၅)နှစ်ပြည့် မြရတုမဂ္ဂဇင်း အုပ် ၁၀၀ ကို  ဦးစိုးမြင့်  (စိုးမှူး)   က လည်းကောင်း၊   ဘာသာရေးနှင့် သုတစာအုပ်   ၃၀၃    အုပ်ကို မောင်ရင့်ကျူး  (မြောင်းမြ)    က လည်းကောင်း၊    ဦးမြတ်ဟိန်း (သူရိယစာပေတိုက်)က   စာအုပ် ၁၀ မျိုး အုပ်ရေ ၂၆၀ ကို   လည်း ကောင်း ပေးအပ်လှူဒါန်းသည်။

 


စာအုပ်   လှူဒါန်းပွဲအပြီးတွင် မြန်မာနိုင်ငံ  စာကြည့်တိုက်များ ဖောင်ဒေးရှင်း   ဗဟိုအလုပ်အမှု ဆောင်အစည်းအဝေးကို ဆက်လက် ကျင်းပပြီး        ရှေ့လုပ်ငန်းစဉ်များ ညှိနှိုင်းဆွေးနွေးကြကြောင်း   သိရသည်။                    

သတင်းစဉ်