ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင် အာဆီယံဥက္ကဋ္ဌ၏ အထူးကိုယ်စားလှယ်အား လက်ခံတွေ့ဆုံ

 

နေပြည်တော်   ဇွန်   ၃၀


အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန   ပြည်ထောင်စုဝန်ကြီးနှင့်  မြန်မာနိုင်ငံသို့   AHA Centre မှတစ်ဆင့်  လှူဒါန်းသည့်  လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာ အကူအညီစီမံခန့်ခွဲရေးလုပ်ငန်း အဖွဲ့ဥက္ကဋ္ဌ  ဦးကိုကိုလှိုင်သည်  ကမ္ဘောဒီးယားနိုင်ငံ ဒုတိယဝန်ကြီးချုပ်၊ နိုင်ငံခြားရေးနှင့်  အပြည်ပြည် ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးနှင့် အာဆီယံ ဥက္ကဋ္ဌ၏ အထူးကိုယ်စားလှယ် မစ္စတာ ပရပ်ဆုတ်ခွန်း အား ယနေ့ညနေ ၅ နာရီ မိနစ်  ၂၀ တွင် နေပြည်တော် ရှိ   အပြည်ပြည်ဆိုင်ရာ   ပူးပေါင်းဆောင်ရွက်ရေး ဝန်ကြီးဌာန၌ လက်ခံတွေ့ဆုံသည်။

 


တွေ့ဆုံစဉ်    ပြည်ထောင်စုဝန်ကြီးနှင့်   အထူး ကိုယ်စားလှယ်သည် မြန်မာနိုင်ငံသို့   လူသားချင်း စာနာထောက်ထားမှု         အကူအညီပေးခြင်းဆိုင်ရာ ပထမအဆင့်လုပ်ငန်းစဉ်    အကောင်အထည်ဖော်ပြီး မြောက်မှု      ဖြစ်ပေါ်တိုးတက်မှု၊    ဒုတိယအဆင့် အကောင်အထည်ဖော်ရန်  ပြင်ဆင်ဆောင်ရွက်ထား ရှိမှုနှင့် မြန်မာနိုင်ငံတွင် ကိုဗစ်-၁၉ ကာကွယ်ဆေး စီမံခန့်ခွဲမှုမူဘောင်    အကောင်အထည်ဖော်ခြင်း ကိစ္စရပ်များအပေါ်   အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ကြ သည်။       အာဆီယံလူသားချင်းစာနာထောက်ထားမှု အကူအညီများပေးအပ်ရာတွင် အမှန်တကယ် လိုအပ် နေသူများကို  ခွဲခြားမှုမရှိဘဲ  မျှတစွာ ပေးအပ်သွား နိုင်ရေးအတွက်  အာဆီယံအတွင်းရေးမှူးချုပ်၊ AHA Centre  နှင့်  လက်ရှိ အာဆီယံဥက္ကဋ္ဌတို့နှင့် ပူးပေါင်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း      ပြည်ထောင်စု ဝန်ကြီးက ထပ်လောင်းအတည်ပြုသည်။

 


အစည်းအဝေးသို့        ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့်  မြန်မာနိုင်ငံသို့ AHA Centre မှတစ်ဆင့်   လှူဒါန်းသည့်   လူသားချင်းစာနာထောက် ထားမှုဆိုင်ရာ    အကူအညီစီမံခန့်ခွဲရေးလုပ်ငန်း အဖွဲ့  ဒုတိယဥက္ကဋ္ဌ ဒေါက်တာသက်ခိုင်ဝင်း၊ လူမှု ဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်   ပြန်လည်နေရာချထား ရေးဝန်ကြီးဌာန         ပြည်ထောင်စုဝန်ကြီးနှင့် မြန်မာနိုင်ငံသို့ AHA Centre မှတစ်ဆင့် လှူဒါန်းသည့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီစီမံခန့်ခွဲရေးလုပ်ငန်းအဖွဲ့ ဒုတိယဥက္ကဋ္ဌ  ဒေါက်တာ ဒေါ်သက်သက်ခိုင်၊        နိုင်ငံခြားရေးဝန်ကြီးဌာန၊ ကျန်းမာရေးဝန်ကြီးဌာနနှင့်          လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်       ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနတို့မှ   အဆင့်မြင့်အရာရှိကြီးများ   ပါဝင် တက်ရောက်ခဲ့ကြသည်။ 


သတင်းစဉ်