နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အာဆီယံအလှည့်ကျဥက္ကဋ္ဌ၏ မြန်မာနိုင်ငံဆိုင်ရာအထူးကိုယ်စားလှယ် ကမ္ဘောဒီးယားနိုင်ငံ ဒုတိယဝန်ကြီးချုပ် H.E. Mr. Prak Sokhonn ကို လက်ခံတွေ့ဆုံ

 

ထာဝရငြိမ်းချမ်းရေးရရှိရန်အတွက်  တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့်   
တွေ့ဆုံဆွေးနွေးလျက်ရှိမှုအခြေအနေများနှင့်  စပ်လျဉ်း၍  အမြင်ချင်းဖလှယ်ဆွေးနွေး

 

နေပြည်တော်    ဇွန်    ၃၀


နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ  နိုင်ငံတော်ဝန်ကြီးချုပ်  ဗိုလ်ချုပ်မှူးကြီး  မင်းအောင်လှိုင်  အာဆီယံအလှည့်ကျဥက္ကဋ္ဌ၏ မြန်မာနိုင်ငံဆိုင်ရာအထူးကိုယ်စားလှယ် ကမ္ဘောဒီးယားနိုင်ငံ ဒုတိယဝန်ကြီးချုပ် နိုင်ငံခြားရေးနှင့် အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီး H.E. Mr. Prak Sokhonn ကို ယနေ့မွန်းလွဲ ၂ နာရီတွင် နေပြည်တော်ရှိ  နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံး သံတမန်ဆောင်ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။                                                                              

 


ထိုသို့တွေ့ဆုံစဉ် အာဆီယံဘုံသဘောတူညီချက် ၅ ရပ်ကို အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိ မှုနှင့် တိုးတက်မှုရှိသည့်အခြေအနေများ၊  NUG ၊ CRPH တို့မှ ပေါက်ဖွားလာသည့်   PDF    အမည်ခံ အကြမ်းဖက်သမားများ၏ အကြမ်းဖက်တိုက်ခိုက်သတ်ဖြတ်မှုလုပ်ရပ်များကြောင့် သံဃာတော်များနှင့်  ကိုရင်များ၊  အပြစ်မဲ့ပြည်သူများ၊  ဆရာ၊  ဆရာမများ၊ ဝန်ထမ်းများနှင့် လုံခြုံရေးတာဝန်ရှိသူများ သေဆုံးမှု များ ဖြစ်ပေါ်ခဲ့မှုနှင့် ယင်းတို့၏  ဆိုးရွားစွာဆောင်ရွက် ခဲ့မှုအခြေအနေများနှင့်  မိုင်းထောင် ဖောက်ခွဲမှုများနှင့် မီးရှို့ဖျက်ဆီးခဲ့မှုများကြောင့် ပြည်သူပိုင်အဆောက် အဦများနှင့်    နိုင်ငံတော်ပိုင်     အဆောက်အဦများ    ပျက်စီးခဲ့ရမှု၊   အကြမ်းဖက်မှုပပျောက်ရေးအတွက်   ဆောင်ရွက်လျက်ရှိမှု၊   စာသင်ကျောင်းများ ပြန်လည် ဖွင့်လှစ်သင်ကြားလျက်ရှိမှု၊ ထာဝရငြိမ်းချမ်းရေး ရရှိရန်အတွက်  တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့်  တွေ့ဆုံဆွေးနွေးလျက်ရှိမှု၊  မြန်မာနိုင်ငံရှိ ပြည်သူများအတွက်   လူသားချင်းစာနာထောက်ထား မှုဆိုင်ရာ အကူအညီများရရှိစေရေး ဆောင်ရွက်ပေး လျက်ရှိမှု၊  အာဆီယံ၏မူဝါဒတွင်  လူသားချင်းစာနာ ထောက်ထားမှု အကူအညီပေးရေးနှင့် ပတ်သက်၍ “တစ်ဦးတစ်ယောက်မှ မကျန်ရ” ဆိုသကဲ့သို့ မြန်မာ နိုင်ငံအနေဖြင့်လည်း “လူ့အသက်ထက်အရေးကြီး တာ ဘာမျှမရှိ” ဆိုသည့် မူဝါဒထားရှိ ဆောင်ရွက် လျက်ရှိသည့်    အခြေအနေများနှင့်   စပ်လျဉ်း၍ ရင်းနှီးပွင့်လင်းစွာ  အမြင်ချင်းဖလှယ်  ဆွေးနွေးခဲ့ကြသည်။

 


အဆိုပါတွေ့ဆုံပွဲသို့      နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့်အတူ ကောင်စီတွဲဖက်အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး   ရဲဝင်းဦး၊    ပြည်ထောင်စုဝန်ကြီးများ   ဖြစ်ကြသည့် ဦးဝဏ္ဏမောင်လွင်၊ ဦးကိုကိုလှိုင်နှင့် တာဝန်ရှိသူများ တက်ရောက်ကြပြီး  အာဆီယံအလှည့်ကျဥက္ကဋ္ဌ၏ မြန်မာနိုင်ငံဆိုင်ရာ   အထူးကိုယ်စားလှယ်၊   ကမ္ဘော ဒီးယားနိုင်ငံ   ဒုတိယဝန်ကြီးချုပ်နှင့်အတူ  အာဆီယံ ဒုတိယအထွေထွေအတွင်းရေးမှူးချုပ် H. E. Ekka-phab Phanthavong၊ မြန်မာနိုင်ငံဆိုင်ရာ ကမ္ဘော ဒီးယားနိုင်ငံ သံအမတ်ကြီး H.E. Mr. Chhouk Bunna နှင့်  တာဝန်ရှိသူများ   တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိသည်။                                                                  
   

သတင်းစဉ်