နေပြည်တော် ဇွန် ၂၉
မြန်မာနိုင်ငံက အိမ်ရှင်အဖြစ်လက်ခံကျင်းပပြုလုပ် သည့် (၃၄)ကြိမ်မြောက် မြန်မာ- ထိုင်း ဒေသဆိုင်ရာ နယ်ခြားကော်မတီအစည်းအဝေး ဒုတိယနေ့ကို ယနေ့ နံနက်ပိုင်းက တောင်ကြီးမြို့ရှိ တောင်ကြီး ဟိုတယ်၌ ဆက်လက်ကျင်းပရာ မြန်မာကိုယ်စား လှယ်အဖွဲ့ခေါင်းဆောင် ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး အောင်စိုး၊ ဒုတိယ ခေါင်းဆောင် ဒုတိယဗိုလ်ချုပ်ကြီး ခင်လှိုင်နှင့် တပ်မတော် အရာရှိကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူ များ၊ ထိုင်းနိုင်ငံမှကိုယ်စားလှယ်အဖွဲ့ ခေါင်းဆောင် Lt.Gen. Apichet Suesat နှင့် အဖွဲ့ဝင်များ တက်ရောက်ကြသည်။
ဦးစွာ မြန်မာကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင် ဒုတိယဗိုလ်ချုပ်ကြီး အောင်စိုးနှင့် ထိုင်းကိုယ်စားလှယ် အဖွဲ့ခေါင်းဆောင် Lt.Gen. Apichet Suesat တို့က (၃၄)ကြိမ်မြောက် မြန်မာ-ထိုင်း ဒေသဆိုင်ရာနယ်ခြား ကော်မတီအစည်းအဝေး သဘောတူညီချက်ကို အတည်ပြုလက်မှတ်ရေးထိုးကာ(ယာပုံ) အပြန်အလှန် လဲလှယ်ကြသည်။
ယင်းနောက် မြန်မာ-ထိုင်း ကိုယ်စားလှယ်အဖွဲ့ ခေါင်းဆောင်များက နှစ်နိုင်ငံ အထိမ်းအမှတ်တံဆိပ် များကို အပြန်အလှန်လဲလှယ်ကြပြီး အမှာစကား ပြောကြား၍ ကော်မတီအဖွဲ့ဝင်များအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်ကာ အစည်းအဝေးကို အောင်မြင်စွာ ရုပ်သိမ်းခဲ့ကြောင်း သတင်းရရှိသည်။
သတင်းစဉ်



