ကမ္ဘောဒီးယားနိုင်ငံ ဒုတိယဝန်ကြီးချုပ် နိုင်ငံခြားရေးနှင့် အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီး H.E.Mr.PRAK Sokhonn ရန်ကုန်မြို့သို့ ရောက်ရှိ

 

ရန်ကုန်   ဇွန်   ၂၉


အာဆီယံအလှည့်ကျ    ဥက္ကဋ္ဌ၏ မြန်မာနိုင်ငံဆိုင်ရာ       အထူး ကိုယ်စားလှယ်၊   ကမ္ဘောဒီးယား နိုင်ငံ  ဒုတိယဝန်ကြီးချုပ်  နိုင်ငံ ခြားရေးနှင့် အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီး H.E.Mr.PRAK Sokhonn    နှင့် ကိုယ်စားလှယ်အဖွဲ့သည် ယနေ့ မွန်းလွဲ ၃ နာရီခွဲတွင် ထိုင်းနိုင်ငံ ဘန်ကောက်မြို့    သုဝဏ္ဏဘူမိ လေဆိပ်မှတစ်ဆင့်  ရန်ကုန်မြို့ သို့     ရောက်ရှိရာ   နိုင်ငံခြားရေး ဝန်ကြီးဌာန ဗဟာဗျူဟာလေ့လာ ရေးနှင့်   လေ့ကျင့်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဖြိုး ဝင်း၊   သံတမန်ရေးရာဦးစီးဌာန ဒုတိယ   ညွှန်ကြားရေးမှူးချုပ် ဦးဇော်ထွန်းဦးနှင့် တာဝန်ရှိသူ များ၊ မြန်မာနိုင်ငံဆိုင်ရာ ကမ္ဘော ဒီးယားနိုင်ငံ      သံအမတ်ကြီး H.E.Mr.CHHOUK Bunnaနှင့် သံရုံးမှတာဝန်ရှိသူများက ရန်ကုန် အပြည်ပြည်ဆိုင်ရာ    လေဆိပ်၌ ကြိုဆိုကြသည်။

 


ကြိုးပမ်းဆောင်ရွက်သွားမည် 


H.E.Mr.PRAK Sokhonn နှင့် ကိုယ်စားလှယ်အဖွဲ့၏   ခရီးစဉ် အတွင်း ၂၀၂၂ ခုနှစ် မေ ၆ ရက်က ကျင်းပခဲ့သော  အာဆီယံလူသား ချင်းစာနာမှုဆိုင်ရာ  အကူအညီ ပေးရေး အစည်းအဝေးရလဒ်များ နှင့်  အာဆီယံဘုံသဘောတူညီမှု ငါးရပ်   အကောင်အထည်ဖော် ဆောင်ရန်၊ ခရီးစဉ်အတွင်းတွေ့ဆုံ မှုများမှတစ်ဆင့် အားလုံးပါဝင်နိုင် သော နိုင်ငံရေးဆွေးနွေးပွဲအတွက် အထောက်အကူ    ဖြစ်စေရန်၊ မြန်မာနိုင်ငံအတွင်း  ဖြစ်ပွားနေ သော ပဋိပက္ခများတွင်  ငြိမ်းချမ်း သောနည်းလမ်းဖြင့် အမျိုးသား ရေး   ပြန်လည်ရင်ကြားစေ့ရေး   လုပ်ငန်းစဉ်တစ်ရပ်ကို အမြန်ဆုံး အကောင်အထည်ဖော်ဆောင်နိုင် ရန် ကြိုးပမ်းဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။


သတင်းစဉ်