ပေါင်းတည် ဇွန် ၂၆
ပဲခူးတိုင်းဒေသကြီး ပေါင်းတည်မြို့နယ်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနတို့ ပူးပေါင်း၍ ယနေ့ နံနက် ၁၀ နာရီက သဖန်းပင်ဆိပ်အုပ်စု သပြေကုန်းကျေးရွာရှိ တောင်သူ ဦးကျော်နိုင်၏ မြေတစ်ဧကတွင် မိုးရာသီ တိရစ္ဆာန်အစာပင် နေဗီယာမြက် စိုက်ပျိုးခဲ့ကြောင်း သိရသည်။
အဆိုပါ နေဗီယာမြက်စိုက်ပျိုးရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးထွန်းထွန်းနှင့် မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာ သင်းသင်းခိုင်တို့ ဦးဆောင်၍ စိုက်ပျိုးရေးဦးစီးဌာန၊ ဆည်မြောင်းဦးစီးဌာန၊ ကျေးလက်ဦးစီးဌာန၊ မြေစာရင်းဦးစီးဌာနတို့မှ တာ၀န်ရှိသူများက စုပေါင်းစိုက်ပျိုးခဲ့ကြကြောင်း သိရသည်။
အဆိုပါတိရစ္ဆာန်အစာပင်ဖြစ်သည့် နေဗီယာမြက်များကိုပေါင်းတည် မြို့နယ်အတွင်း ၄ ဒသမ ၉၅ ဧက စိုက်ပျိုးထားပြီးဖြစ်ကြောင်း သိရသည်။
အေးအေးဆင့်(ပြန်/ဆက်)



