ညောင်ဦး ဇွန် ၂၆
မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ်တွင် မိုးလေဝသနှင့်ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာန၏ ဇွန် ၂၆ ရက် နံနက် ၆ နာရီခွဲ တိုင်းထွာချက်အရ ဧရာဝတီမြစ်ရေမှတ်သည် စိုးရိမ်ရေမှတ် ၂၁၂၀ စင်တီမီတာသို့ရောက်ရှိရန် ၂၀၀၆ စင်တီမီတာသို့တဖြည်းဖြည်းကျော်လာကြောင်း ညောင်ဦးမြို့ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ သိရသည်။
ညောင်ဦးခရိုင် မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ ယနေ့နံနက် ၆ နာရီခွဲ တိုင်းထွာချက်အရ ဧရာဝတီမြစ်ရေသည် စိုးရိမ်ရေမှတ် ၂၁၂၀ စင်တီမီတာရောက်ရှိရန် ၁၁၄ စင်တီမီတာလျော့နည်း ကြောင်း၊ ယနေ့နံနက် ဧရာဝတီမြစ်ရေတိုင်းထွာချက်အရ ၂၀၀၆ စင်တီ မီတာရှိနေကာ ဆက်လက်မြင့်တက်လာနိုင်ကြောင်း ဧရာဝတီမြစ်ရေ စိုးရိမ်ရေမှတ်အခြေအနေများကို ညောင်ဦးမြို့ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနမှ နေ့စဉ်မြစ်ရေကြီးမှုအခြေအနေအား မိုးလေ ဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနနှင့်ပူးပေါင်းကာ သတင်းထုတ်ပြန် ပေးလျက်ရှိကြောင်း ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မှ သိရသည်။
ညောင်ဦးမြို့တွင် ဧရာဝတီမြစ်ရေတိုင်းထွာခြင်းများအား တစ်ရက် သုံးကြိမ် တိုင်းထွာကြောင်း၊ စိုးရိမ်ရေမှတ်ရောက်ရန် ၁၀၀ စင်တီမီတာ ရောက်ရှိချိန် မြစ်ရေကြီးသတိပေးချက်ထုတ်ပြန်မည်ဖြစ်ကြောင်း သိရသည်။
ဝင်းထိန် (ပြန်/ဆက်)



