
နေပြည်တော် ဇွန် ၂၆
NUG အမည်ခံ အကြမ်းဖက်သမား များနှင့် ၎င်း၏လက်အောက်ခံ နိုင်ငံရေးအစွန်းရောက် အကြမ်း ဖက်များသည် အနာဂတ်ရင်သွေး ငယ်များ၏ ပညာသင်ကြားသင်ယူ ခွင့် အခွင့်အလမ်းများ ပျက်ပြား၍ ပညာမဲ့လူတန်းစားများ ဖြစ်ပေါ် လာစေရန်နှင့် ကျောင်းသား ကျောင်းသူ၊ ဆရာ၊ မိဘများအား အထိတ်တလန့် ဖြစ်စေရန် ယုတ်မာရိုင်းစိုင်းသော ရည်ရွယ် ချက်များဖြင့် စာသင်ကျောင်းများ တွင် ဆန့်ကျင်ခြိမ်းခြောက်စာများ ရေးသားချိတ်ဆွဲ၍ ခြိမ်းခြောက် အကြမ်းဖက်ခြင်း၊ ပညာရေး အဆောက်အဦများနှင့် ပညာရေး ဝန်ထမ်းများအား မိုင်းထောင် ဖောက်ခွဲခြင်း၊ လုပ်ကြံသတ်ဖြတ် ခြင်းများ လုပ်ဆောင်လျက်ရှိသည် ကို တွေ့ရှိရသည်။
ထိုသို့လုပ်ဆောင်လျက်ရှိရာ ဇွန် ၂၅ ရက် ည ၉ နာရီ ၄၅ မိနစ် တွင် နေပြည်တော် ပြည်ထောင်စု နယ်မြေ ပျဉ်းမနားမြို့နယ် အလယ်ချောင်း (အောက်)ကျေးရွာရှိ အခြေခံပညာမူလတန်း ကျောင်းဝင်းအတွင်း ခြံစည်းရိုးနှင့် ကပ်လျက်ရှိ ကျောင်းလိုင်းခန်း ရှေ့၌ ကျောင်းအုပ်ဆရာကြီး ဦးမောင်မောင်တာ၊ မူလတန်းပြ ဆရာ ဦးနေဝင်းထွန်းနှင့် ဦးလှိုင်မင်းထွန်းတို့ သုံးဦးသည် ဆိုလာမီးထွန်း၍ ထမင်းစားနေစဉ် ကျောင်းအပြင်ဘက် လမ်းမပေါ်မှ နေ၍ အမျိုးသား နှစ်ဦး(စိစစ်ဆဲ) က သေနတ်ဖြင့် ပစ်ခတ်ထွက်ပြေး သွားခဲ့သဖြင့် ဦးနေဝင်းထွန်းတွင် သေနတ်ထိမှန်ဒဏ်ရာများ ရရှိ ကာ အခင်းဖြစ်နေရာ၌ သေဆုံး သွားခဲ့ပြီး ဦးလှိုင်မင်းထွန်းတွင် သေနတ်ထိမှန်ဒဏ်ရာများ ရရှိခဲ့ ကြောင်း သိရသည်။
ထို့ပြင် ရှမ်းပြည်နယ် (မြောက်ပိုင်း) မူဆယ်မြို့နယ် ဆယ်လန့်ကျေးရွာရှိ ဆယ်လန့် အခြေခံပညာ အထက်တန်း ကျောင်း၊ နမ့်ပတီးကျေးရွာရှိ နမ့်ပတီးအခြေခံပညာ မူလတန်း ကျောင်း၊ နောင်လောင်းကျေးရွာ အုပ်စုရှိ မန်နယ်အခြေခံပညာ မူလတန်းကျောင်းနှင့် နမ့်စမ် ဂိုဒေါင် အခြေခံပညာမူလတန်း ကျောင်း၊ ဖိုင်းကျောင်းကျေးရွာရှိ ဖိုင်းကျောင်း အခြေခံပညာမူလ တန်းကျောင်းတို့ရှိ ကျောင်းနံရံ များတွင် အကြမ်းဖက်သမား များက ခြိမ်းခြောက်စာများ ကပ်ထားကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွား ရောက်စစ်ဆေးခဲ့ပြီး အဆိုပါ ခြိမ်းခြောက်စာများအား ရှင်းလင်း သိမ်းဆည်းခဲ့ကြောင်း သိရသည်။
အလားတူ မွန်းလွဲ ၃ နာရီခွဲ တွင် ချင်းပြည်နယ် တီးတိန်မြို့ နယ် စကောလမ်း ရပ်ကွက်နေ အမှတ် (၁) အခြေခံပညာ အထက် တန်းကျောင်းမှ ကျောင်းအုပ် ဆရာမ ဒေါ်မန်းတူလ်ကျိန် ၏ မိခင်ဖြစ်သူ ဒေါ်ဒိပ်ဒိုးကျိန် (၇၈)နှစ် (ဘ) ဦးတွန်းဇဒါးသည် ၎င်း၏ နေအိမ်၌ရှိနေစဉ် ဆိုင်ကယ် တစ်စီးဖြင့် အကြမ်းဖက်သမား နှစ်ဦး ရောက်ရှိလာပြီး နေအိမ် အတွင်းသို့ ဝင်ရောက်လာကာ ချင်းဘာသာ/ မြန်မာဘာသာ စကားတို့ဖြင့် ရေးသားထားသော ခြိမ်းခြောက်စာ နှစ်စောင်အား ပေးအပ်ကာ ပြန်လည်ထွက်ခွာ သွားကြောင်း သိရှိရသဖြင့် လုံခြုံရေး တပ်ဖွဲ့ဝင်များက ခြိမ်းခြောက်စာ ပို့ဆောင်ပေးသူ များအား စုံစမ်းရှာဖွေလျက်ရှိ ကြောင်း သိရသည်။
အထက်ပါ ဖြစ်စဉ်များမှ ကျောင်းသား ကျောင်းသူ၊ ဆရာ၊ မိဘများအား အထိတ်တလန့်ဖြစ် စေရန်နှင့် စာသင်ကျောင်းများ ဖွင့်လှစ်သင်ကြားခြင်း မပြုနိုင် စေရန် ရည်ရွယ်၍ ခြိမ်းခြောက် ခြင်း၊ အကြမ်းဖက်ခြင်းများပြုလုပ် ခဲ့သည့် နိုင်ငံရေးအစွန်းရောက် အကြမ်းဖက်များအား ဖော်ထုတ် ဖမ်းဆီးအရေးယူနိုင်ရေး လုံခြုံ ရေးတပ်ဖွဲ့ဝင်များက ဆက်လက် ဆောင်ရွက်လျက် ရှိကြောင်း သတင်းရရှိသည်။
သတင်းစဉ်