အကြမ်းဖက်အဖွဲ့အစည်းများ၏ လုပ်ကြံသတ်ဖြတ်ခြင်းခံရသူများကို ရည်စူး၍ ဝါဆိုသင်္ကန်းကပ်လှူခြင်းနှင့် အမျှအတန်းပေးဝေခြင်းပြုလုပ်

 

နေပြည်တော်    ဇွန်     ၂၆


အကြမ်းဖက်အဖွဲ့အစည်းများ၏  လုပ်ကြံသတ်ဖြတ် ခြင်းများကြောင့်        ပျံလွန်တော်မူသွားကြသော     ရဟန်းသံဃာတော်များ၊ ရှင်သာမဏေများ၊   ကျဆုံး သွားကြသော   တပ်မတော်သားများ၊   မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များ၊  ဌာနဆိုင်ရာဝန်ထမ်းများ၊  YMBA အသင်းအဆင့်ဆင့်မှ အမှုဆောင်များနှင့်  အသင်းဝင် များ၊   စီမံအုပ်ချူပ်ရေးအဆင့်ဆင့်မှ    ပုဂ္ဂိုလ်များ၊     စစ်မှုထမ်းဟောင်းများ၊ အငြိမ်းစားဝန်ထမ်းများနှင့် ပြည်သူများကိုရည်စူး၍  ဗုဒ္ဓဘာသာကလျာဏယုဝ အသင်း  (ဗဟို)   က    ဝါဆိုသင်္ကန်းကပ်လှူခြင်းနှင့် အမျှအတန်းပေးဝေခြင်းကို     ယနေ့နံနက်ပိုင်းတွင်         ရန်ကုန်မြို့  ရွှေတိဂုံစေတီတော်  မြောက်ဘက်မုခ်ရှိ YMBA အသင်းရုံး၌ ပြုလုပ်ရာ​ အဂ္ဂမဟာကမ္မဌာနာ စရိယ  အောင်ဆန်းတောရတပ်ဦးကျောင်း  ဆရာ တော် ဒေါက်တာ ဘဒ္ဒန္တသဒ္ဓမ္မကိတ္တိသာရ အမှူးပြု သော သံဃာတော်အရှင်မြတ်များ ကြွရောက်တော် မူကြပြီး YMBA အသင်းဥက္ကဋ္ဌ အဂ္ဂမဟာမင်္ဂလဓမ္မ ဇောတိကဓဇ ဦးရဲထွန်းနှင့် ဗဟိုအလုပ်အမှုဆောင် များ တက်ရောက်ကြသည်။

 


ဦးစွာ တက်ရောက်လာကြသူများက အောင်ဆန်း တောရတပ်ဦးကျောင်း  ဆရာတော်ထံမှ ငါးပါးသီလ   ခံယူဆောက်တည်ကြပြီး       သံဃာတော်များထံမှ ပရိတ်တရားတော်များ နာယူကြည်ညိုကြသည်။ 

 


ထို့နောက် YMBA အသင်းဥက္ကဋ္ဌနှင့် ဗဟိုအလုပ် အမှုဆောင်များက သံဃာတော်များအား ဝါဆိုသင်္ကန်း နှင့်  လှူဖွယ်ဝတ္ထုပစ္စည်းများ    ဆက်ကပ်လှူဒါန်းကြပြီး   ရန်ကုန်တိုင်းဒေသကြီး  YMBA အသင်း၏   သြဝါဒါ စရိယဆရာတော်    အဂ္ဂမဟာမင်္ဂလဓမ္မ ဇောတိကဓဇ မော်ကျွန်းဆရာတော်  ဘဒ္ဒန္တသီလက္ခန္ဓာဘိဝံသ  ထံမှ အနုမောဒနာတရားနာယူ၍   ရေစက်သွန်းချ  အမျှ ပေးဝေကြကြောင်း သတင်းရရှိသည်။ 

သတင်းစဉ်