ဒုတိယဝန်ကြီး ဦးဝင်းဖေ ညောင်နှစ်ပင်အမျိုးသားညီလာခံ ပြည်ထောင်စုခန်းမကြီး ပြင်ဆင်ထိန်းသိမ်းနေမှုကြည့်ရှုစစ်ဆေး

 

နေပြည်တော်   ဇွန်   ၂၆


ဆောက်လုပ်ရေး   ဝန်ကြီးဌာန ဒုတိယဝန်ကြီး   ဦးဝင်းဖေသည် ယမန်နေ့ နံနက်ပိုင်းက ရန်ကုန် တိုင်းဒေသကြီး လှည်းကူးမြို့နယ် ညောင်နှစ်ပင်ကျေးရွာ    အနီးရှိ အမျိုးသားညီလာခံ ပြည်ထောင်စု ခန်းမကြီး            ပြင်ဆင်နေမှုကို သွားရောက်    ကြည့်ရှုစစ်ဆေး သည်။

 


မွန်းလွဲပိုင်းတွင်   ဒုတိယ ဝန်ကြီးနှင့်အဖွဲ့သည် ကျေးလက် လမ်း          ဖွံ့ဖြိုးရေးဦးစီးဌာနမှ   ဆောင်ရွက်လျက်ရှိသည့်   ဆတ် သွား တော -  ညောင်နှစ်ပင်လမ်း အမာခံလမ်းပခုံး   ဆောင်ရွက်နေမှု ကိုလည်းကောင်း၊ ရန်ကုန်-ပုသိမ် လမ်းတစ်လျှောက်  မော်တော် ယာဉ်ဖြင့်လည်းကောင်း ကြည့်ရှု စစ်ဆေးသည်။

 


ဆက်လက်၍     ဒုတိယဝန်ကြီး နှင့်အဖွဲ့သည်    ပုသိမ်ပြည်သူ့ ဆေးရုံကြီး   ကိုးထပ်  တိုးချဲ့ဆောင် ဆောက်လုပ်နေမှုကို    ကြည့်ရှု စစ်ဆေးပြီး     ဘဏ္ဍာရေးနှစ် အလိုက်    ဆောင်ရွက်ရာတွင်   လုပ်ငန်းခွင် အန္တရာယ်ကင်းရှင်း ရေး  သတိပြုရန်၊   သတ်မှတ်ချိန် လုပ်ငန်းများအချိန်မီပြီးစီးရန်၊  အရည်အသွေးစံချိန်    စံညွှန်း ပြည့်မီရန်၊   ဌာနမှအငြိမ်းစားယူ ထားသည့်   အဆောက်အဦပိုင်း ဆိုင်ရာ      ဝါရင့်ပညာရှင်များ၏ အကဲဖြတ်မှုနှင့်အကြံပြုချက်များ ရယူဆောင်ရွက်ရန်    မှာကြား သည်။

 


ထို့နောက် ဒုတိယဝန်ကြီးနှင့် အဖွဲ့သည် ပုသိမ်မြို့ အမှတ် (၅)ရပ်ကွက်တွင်   မြို့ပြနှင့်  အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာနမှ    ပုဂ္ဂလိက လုပ်ငန်းရှင်များနှင့်    အကျိုးတူ ဆောင်ရွက်လျက်ရှိသည့် Green Land City ဝန်ထမ်း အိမ်ရာ စီမံကိန်းသို့ရောက်ရှိပြီး   တန်ဖိုး သင့်အိမ်ရာ        စီမံကိန်းများကို အကောင်အထည်ဖော်     ဆောင် ရွက်ရာတွင်   နိုင်ငံ့ဝန်ထမ်းများ၊ အငြိမ်းစား   နိုင်ငံ့ဝန်ထမ်းများ၊ သာမန်           ပြည်သူများအတွက် အိမ်ရာလိုအပ်ချက်များ       ဖြည့် ဆည်းပေးနိုင်ရန်      ရည်မှန်းချက် ထား၍ ဆောင်ရွက်ရန်လိုကြောင်း၊ ပွင့်လင်းမြင်သာမှု            ရှိစွာဖြင့် ရောင်းချရန်နှင့်   ပုဂ္ဂလိကလုပ်ငန်း ရှင်များ   ရေရှည်ရင်းနှီးမြှုပ်နှံနိုင် မည့်    နည်းလမ်းကောင်းများ  ရှာဖွေဆောင်ရွက်ရန်နှင့်   ဒေသခံ များ  အလုပ်အကိုင်အခွင့်အလမ်း ရရှိရန် ဆောင်ရွက်ရန်မှာကြားပြီး စီမံကိန်း   လုပ်ငန်းခွင်နေရာများ သို့   လှည့်လည်ကြည့်ရှု  စစ်ဆေး သည်။

 


ညနေပိုင်းတွင်          ဧရာဝတီ တိုင်းဒေသကြီး  လမ်းဦးစီးဌာန  ပုသိမ်ဧည့်ရိပ်သာ၌ ဒုတိယဝန်ကြီး အား  ဧရာဝတီတိုင်းဒေသကြီး အတွင်းရှိ နာဂစ်လမ်း ၁၁ လမ်း နှင့်   ပတ်သက်၍     ပြင်ဆင်ထိန်း သိမ်းမှုကို ညွှန်ကြားရေးမှူး(မြို့ပြ)  ဦးရန်နိုင်ဇော်က     ရှင်းလင်း တင်ပြပြီး    ညွှန်ကြားရေးမှူးချုပ်  ဦးလှထွန်းဦးက လိုအပ်သည်များ ဖြည့်စွက်တင်ပြရာ ဒုတိယဝန်ကြီး က နာဂစ်လမ်း   ၁၁   လမ်းနှင့် ပတ်သက်၍   ယာဉ်သွားလာမှု၊ ဒေသခံပြည်သူများ  အသုံးပြုမှု၊ လမ်းပြုပြင်ရန်      လိုအပ်မှုကို စစ်တမ်းကောက်ယူ၍ ပြုပြင်ရန် လိုအပ်သည့်     လမ်းများအမြန်ဆုံး    ပြုပြင်ဆောင်ရွက်ရန် မှာကြားခဲ့ ကြောင်း သိရသည်။            

သတင်းစဉ်