နေပြည်တော် ဇွန် ၂၆
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည် မြောင်းဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးတင်ထွဋ်ဦးသည် ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီး ချုပ် ဦးတင်မောင်ဝင်းနှင့်အတူ ယမန်နေ့ နံနက်ပိုင်းက ညောင်တုန်း မြို့နယ် မိုးမခကျေးရွာအနီးရှိ ပန်းလှိုင် ရေထိန်းတံခါး စီမံကိန်း ရှင်းလင်းဆောင်၌ ဦးစီးဌာနများမှ ညွှန်ကြားရေးမှူးချုပ်များ၊ တိုင်း အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူ များနှင့် တွေ့ဆုံ၍ မိုးရာသီ ရေဘေးကာကွယ်ရေး လုပ်ငန်း များ ဆောင်ရွက်ထားရှိမှုနှင့် သဘာဝဘေး ကြိုတင်ကာကွယ် ရေးအတွက် ဆက်လက်ဆောင်ရွက် ရမည့် လုပ်ငန်းဆိုင်ရာများ၊ ဧရာဝတီ တိုင်းဒေသကြီး၏ စိုက်ပျိုးရေး၊ မွေးမြူရေးဆိုင်ရာ ကုန်ထုတ်လုပ်မှု တိုးတက်ရေး အတွက် မျိုး၊ သွင်းအားစုနှင့် နည်း ပညာ ဖြန့်ဝေခြင်းလုပ်ငန်းများ တိုးမြှင့်ဆောင်ရွက်ရေး၊ ပုဂ္ဂလိက ကဏ္ဍ၏ ရင်းနှီးမြှုပ်နှံမှု တိုးတက် ရေးဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေးကြသည်။ (ယာပုံ)
နည်းပညာအသုံးပြု
ထိုမှတစ်ဆင့် ပြည်ထောင်စု ဝန်ကြီးနှင့် တာဝန်ရှိသူများသည် မအူပင်မြို့နယ်ရှိ ပုဂ္ဂလိက စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်း ဆောင်ရွက်နေမှုများကို လည်း ကောင်း၊ ငါး၊ ပုစွန်အခြေခံ အသင့်စား တန်ဖိုးမြင့်ထုတ်ကုန် များ ထုတ်လုပ်နေမှုကိုလည်း ကောင်း ကြည့်ရှုအားပေးပြီး ပြည်ထောင်စုဝန်ကြီးက လုပ်ငန်း သုံး မြေယာများကို ဥပဒေနှင့် အညီ အသုံးပြုနိုင်ရေး၊ ပြည်ပ ပို့ကုန်များအတွက် ဈေးကွက်၏ စံချိန်စံညွှန်း သတ်မှတ်ချက်များ နှင့် အညီဖြစ်စေရေး၊ ငါးမွေးမြူ ထုတ်လုပ်ခြင်းမှ ဘေးထွက် ပစ္စည်းများကို စိုက်ပျိုးရေးလုပ်ငန်း သုံး ငါးအမိုင်နိုထုတ်လုပ်ခြင်း နည်းပညာအသုံးပြု၍ စီးပွားဖြစ် ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက် ရန် လိုအပ်ချက်များကို လုပ်ငန်း ရှင်များနှင့် ရင်းနှီးခင်မင်စွာ ဆွေးနွေးကြသည်။
ထို့နောက် ပြည်ထောင်စု ဝန်ကြီးနှင့်အဖွဲ့သည် ဝါးတော ကျေးရွာ မိုးစပါးစိုက်ကွင်းတွင် ထွန်စက်ကြီးများဖြင့် ပိုက်ဆံ လျှော် သစ်စိမ်းမြေဩဇာ ထည့်သွင်းနေမှုကို ဒေသခံ တောင်သူများနှင့်အတူ ကြည့်ရှု အားပေးကာ တောင်သူများ၏ လုပ်ငန်းခွင်အခြေအနေ၊ စိုက်ပျိုး ထုတ်လုပ်မှုနှင့် သီးနှံအလိုက် အကျိုးအမြတ်ရရှိမှု အခြေအနေ များကို ဆွေးနွေးခဲ့ကြသည်။
ဆွေးနွေးမှာကြား
ညနေပိုင်းတွင် ပြည်ထောင်စု ဝန်ကြီးနှင့်အဖွဲ့သည် တွံတေး မြို့နယ်ရှိ ငါးလုပ်ငန်း သိပ္ပံ (တွံတေး) သို့ ရောက်ရှိကြပြီး ပြည်ထောင်စုဝန်ကြီးက ငါး လုပ်ငန်း သိပ္ပံ(တွံတေး)သည် ငါး ပုစွန် အများဆုံးမွေးမြူထုတ်လုပ် ရာ ရန်ကုန်နှင့် ဧရာဝတီတိုင်း ဒေသကြီး နှစ်ခုအကြားတွင် တည်ရှိနေသည့်အတွက် သတ်မှတ် အရည်အချင်း ပြည့်မီသည့် ဒေသ နေလူငယ်များအနေဖြင့် ရေ သတ္တဝါမွေးမြူရေးဆိုင်ရာ ပညာ ရပ်များကို အသက်မွေးဝမ်း ကျောင်း ပညာရပ်တစ်ခုအဖြစ် လေ့လာသင်ယူနိုင်ကြရန်နှင့် ရေ သတ္တဝါ မွေးမြူရေး ကဏ္ဍဖွံ့ဖြိုး ရေးအတွက် လိုအပ်လျက်ရှိ နေသော အလယ်အလတ်အဆင့် ပညာရှင်များ မွေးထုတ်ပေးရန် ရည်ရွယ်ဆောင်ရွက်ခြင်း ဖြစ် ကြောင်း၊ ဒီပလိုမာ သုံးနှစ် သင်တန်းဖွင့်လှစ်ရန် စီမံဆောင် ရွက်နေသော်လည်း နောင်တွင် ကောလိပ်အဆင့်အထိ တိုးမြှင့် ဖွင့်လှစ်နိုင်ရေး မျှော်မှန်းဆောင် ရွက်ရန်လိုကြောင်း ဆွေးနွေး မှာကြားသည်။
ဈေးကွက်အတွင်း ပျံ့နှံ့
၂၀၂၀-၂၁ ဘဏ္ဍာရေးနှစ် အတွင်း ရေချိုငါးမွေးမြူထုတ်လုပ် မှုအနေဖြင့် ရန်ကုန်တိုင်းဒေသ ကြီးမှ ငါးပိဿာချိန် ၂၂၉ သန်း ကျော်၊ ဧရာဝတီတိုင်းဒေသကြီးမှ ငါးပိဿာချိန် ၃၃၂ သန်းကျော် ထုတ်လုပ်ခဲ့ပြီး အလေအလွင့်နှင့် တိရစ္ဆာန်အစာအဖြစ်အသုံးချနိုင်မှု ၃၀ ရာခိုင်နှုန်း၊ ပြည်ပတင်ပို့မှု ၁၀ ရာခိုင်နှုန်းရှိပြီး ၆၀ ရာခိုင်နှုန်း မှာ ပြည်တွင်း စားသုံးမှုအတွက် ဈေးကွက်အတွင်း ပျံ့နှံ့ရောက်ရှိ ခဲ့ကြောင်း သိရသည်။
သတင်းစဉ်



