မြို့နယ်အချို့၌ PDF အမည်ခံအကြမ်းဖက်သမားများက ပညာရေးကဏ္ဍမြင့်မားရေးကို နှောင့်ယှက်ဖျက်ဆီး

 

နေပြည်တော်  ဇွန်   ၂၅


NUG   အမည်ခံ    အကြမ်းဖက်အဖွဲ့နှင့်   ၎င်း၏ လက်အောက်ခံ  PDF အမည်ခံ အကြမ်းဖက်သမားများသည် နိုင်ငံသားများ၏ ပညာသင်ကြားသင်ယူခွင့်ကို တားဆီးပိတ်ပင်ရန်နှင့် ၎င်းတို့ကို အကြောက်တရား ဖြင့် ထောက်ခံအားပေးလာစေရန် ယုတ်မာရိုင်းစိုင်း သော  ရည်ရွယ်ချက်များဖြင့်  ကျောင်းသား၊ ဆရာ၊ မိဘများကို  ခြိမ်းခြောက်အကျပ်ကိုင်ခြင်း၊ ဖမ်းဆီး သတ်ဖြတ်ခြင်း၊ ပညာရေးဆိုင်ရာ အဆောက်အဦများ မီးရှို့ဖျက်ဆီးခြင်း၊      မိုင်းထောင်ဖောက်ခွဲခြင်း၊ အထောက်အကူပြုပစ္စည်းများနှင့် ကျောင်းသုံးပုံနှိပ် စာအုပ်များ၊ ကျောင်းသုံးစာအုပ်များ မီးရှို့ဖျက်ဆီး ခြင်း၊ အတင်းအဓမ္မလုယူခြင်း စသည်ဖြင့် နည်းလမ်း မျိုးစုံအသုံးပြုကာ  ပညာရေးကဏ္ဍမြင့်မားရေးကို နှောင့်ယှက်ဖျက်ဆီးလျက်ရှိသည်။

 


ထိုသို့ဆောင်ရွက်လျက်ရှိရာ ဇွန် ၂၄ ရက် နံနက် ၉ နာရီ ၅၅ မိနစ်ခန့်တွင် စစ်ကိုင်းတိုင်းဒေသ ကြီး   မုံရွာမြို့   ပြည်တော်သာ ရပ်ကွက် သာစည်လမ်းရှိ ပညာ ရေးဒီဂရီကောလိပ် လေ့ကျင့်ရေး အလယ်တန်းကျောင်းကို သာစည် လမ်းအတိုင်း ဆိုင်ကယ်မောင်းနှင် လာသည့်  အကြမ်းဖက်သမား အမျိုးသား နှစ်ဦးက လက်လုပ်ဗုံး တစ်လုံးဖြင့် ပစ်ပေါက်ထွက်ပြေး ခဲ့ရာ    လက်လုပ်ဗုံးမှာ ကျောင်း ဝင်ပေါက်အရှေ့ရှိ သာစည်လမ်း ပေါ်သို့     ကျရောက်    ပေါက်ကွဲခဲ့ကြောင်း သိရသည်။ 

 


အလားတူ  မွန်းလွဲ ၁၂ နာရီ ၁၀ မိနစ်တွင် ကချင်ပြည်နယ် ဖားကန့်မြို့နယ်  ဆိပ်မူကျေးရွာ ရပ်ကွက်(၁)ရှိ ကျောင်းသူ ကျောင်း သား ၁၂၈၇ ဦး ပညာသင်ကြား လျက်ရှိသည့်     အခြေခံပညာ အထက်တန်းကျောင်းကို ကျောင်း ၏ အနောက်ဘက်လမ်းအတိုင်း ဆိုင်ကယ်   မောင်းနှင်လာသည့် အကြမ်းဖက်သမား အမျိုးသား နှစ်ဦးက လက်လုပ်မိုင်းတစ်လုံး ဖြင့် ပစ်ပေါက်ထွက်ပြေးသွားခဲ့ပြီး လက်လုပ်မိုင်းမှာ ကျောင်းစာကြည့် တိုက်နှင့် နှစ်ထပ်ကျောင်းဆောင် ကြားရှိ    ကွန်ကရစ်ရေမြောင်း အတွင်း ကျရောက်ပေါက်ကွဲရာ ပေါက်ကွဲမှုကြောင့်  ကွန်ကရစ် ရေမြောင်း၊  စာကြည့်တိုက်တွင် တပ်ဆင်ထားသည့် ပြတင်းတံခါး မှန်များ၊ နှစ်ထပ်ကျောင်းဆောင် အောက်ထပ်ရှိ     စာသင်ခန်း၏ လေကာမှန်၊     ပြတင်းတံခါးမှန် များနှင့် နှစ်ထပ်ကျောင်းဆောင် အမိုး၊ မျက်နှာကြက်တို့ ထိခိုက် ပျက်စီးခဲ့ကြောင်း သိရသည်။ 

 


ထို့ပြင် ဇွန်  ၂၄ ရက်  နံနက် ၈ နာရီခန့်တွင် ရန်ကုန်တိုင်းဒေသ ကြီး ထန်းတပင်မြို့နယ် ရေတွင်း ကုန်းကျေးရွာရှိ   အခြေခံပညာ မူလတန်းကျောင်းအတွင်း၌ PDF အမည်ခံအကြမ်းဖက်သမားများ က ကလေးငယ်များ၏  ပညာ သင်ကြားမှုများ     ဆက်လက် မပြုလုပ်ရန်   ရေးသားထားသည့် ခြိမ်းခြောက်စာ    တစ်စောင်ကို လာရောက်    ပစ်ပေါက်ချထား ကြောင်း သိရသည်။ 

 


ဖြစ်စဉ်တွင် ပါဝင်ပတ်သက် သူများကို  ဖော်ထုတ်ဖမ်းဆီး၍ ဥပဒေနှင့်အညီ   ထိရောက်စွာ အရေးယူနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ ဝင်များက စုံစမ်းဖော်ထုတ်လျက် ရာ  တိုင်းရင်းသားပြည်သူလူထု တစ်ရပ်လုံးအနေဖြင့်လည်း ယခု ကဲ့သို့     ယုတ်မာရိုင်းစိုင်းသည့် လုပ်ရပ်ကို ကျူးလွန်ခဲ့သည့်၊ ကျူး လွန်ရန် အားပေးလှုံ့ဆော်နေသည့် NUG၊ PDF အမည်ခံအကြမ်းဖက် အဖွဲ့များအပေါ် ဝိုင်းဝန်းဆန့်ကျင် ကြရန်နှင့် အကြမ်းဖက်အဖွဲ့များ၏ လှုပ်ရှားမှု   သတင်းများရရှိပါက လုံခြုံရေး     တပ်ဖွဲ့ဝင်များနှင့် သက်ဆိုင်ရာအုပ်ချုပ်ရေးအဖွဲ့များ ထံ   သတင်းပို့ခြင်းဖြင့်   ပြည်သူ့ လုံခြုံရေး၊ အနာဂတ်လူငယ်များ၏ လုံခြုံရေးကို ဝိုင်းဝန်းကူညီပေးကြ ပါရန် မေတ္တာရပ်ခံ   တိုက်တွန်း ထားကြောင်း သတင်းရရှိသည်။


သတင်းစဉ်