ပေါ်ဦးပေါ်ဖျား ဂျပန်နှမ်းဖြူများ မန္တလေးဈေးကွက်အတွင်း ဈေးကောင်းရရှိနေ

 

မန္တလေး   ဇွန်   ၂၅


ယခုရက်ပိုင်းအတွင်း မန္တလေး ဈေးကွက်အတွင်းသို့ ပေါ်ဦးပေါ် ဖျား ဂျပန်နှမ်းဖြူများ အဖွင့်ဈေး ကောင်းဖြင့် ဝင်ရောက်လာကာ အရောင်းအဝယ်သွက်နေကြောင်း မန္တလေးမြို့ရှိ နှမ်းကုန်သည်များ ထံမှ သိရသည်။ 

 


အဆိုပါ   ဂျပန်နှမ်းဖြူမှာ လက်ရှိတွင် မန္တလေးဈေးကွက် သို့ မုံရွာ၊ မြင်းမူ၊ မြောင်၊ ကျောက် ဆည်နယ်တို့မှ  ဝင်ရောက်လာ ကြောင်း၊   ဂျပန်နှမ်းဖြူသည် မေလဆန်းပိုင်းက သုံးတင်းဝင် တစ်အိတ်လျှင် ကျပ် ၁၆၅၀၀၀ ရှိခဲ့ရာမှ ယနေ့တွင် သုံးတင်းဝင် တစ်အိတ်လျှင် ကျပ် ၂၀၃၀၀၀ ရှိကာ တစ်လအတွင်း၌ စံချိန်တင် မြင့်တက်လာခြင်းဖြစ်ကြောင်း မန္တလေးမြို့မှ   စိုးဝင်းမြင့်ပွဲရုံ ပိုင်ရှင်  ဦးစိုးဝင်းမြင့်က   ပြောကြားသည်။ 

 


“လွန်ခဲ့တဲ့ ၁၀ နှစ်ကျော်က ဂျပန်နှမ်းမျိုးကို   ယူပြီးတော့ စတင်စိုက်ပျိုးခဲ့လို့ ဂျပန်နှမ်းဖြူ လို့ခေါ်တာပါ။   မန္တလေးမြို့ကို နယ်စုံဒေသကနေ ဂျပန်နှမ်းဖြူ တွေ   လှိုင်လှိုင်ဝင်ရောက်နေပါ တယ်။ ဂျပန်နှမ်းဖြူက ရိုးရိုးနှမ်း ဖြူနဲ့စာရင်   အရောင်လည်း ဖြူ တယ်၊ အလုံးလည်း ပိုထွားတယ်။ ဒါကြောင့် ရောင်းပန်းလှပြီးတော့ ရောင်းတန်းဝင်နေတာပါ။   နှမ်း ဖြူ၊ နှမ်းဝါ၊ နှမ်းညို၊ နှမ်းနက်၊ ရိုးရိုး နှမ်းဖြူ၊ ဂျပန်နှမ်းဖြူစတဲ့ အမျိုး မျိုးရှိတဲ့အထဲမှာ ဂျပန်နှမ်းဖြူနဲ့ စမုံနက်နှမ်းတွေကတော့   နှမ်း ဈေးကွက်ထဲမှာ ရေပန်းအစားဆုံး ဖြစ်ပါတယ်။ ဂျပန်နှမ်းဖြူ ထွက် သမျှကို တရုတ်ပြည်ဈေးကွက် က ဝယ်ယူနေပါတယ်။ ပြီးခဲ့တဲ့နှစ် တွေက ဂျပန်ပြည်ကို ပို့ဆောင် ခဲ့တာလည်း  ရှိတယ်။  နွေနှမ်း အနေနဲ့ ရေသွင်းစိုက်ပျိုးကြတာ ပါ။   မကြာခင်ကာလမှာလည်း စလင်းနဲ့ ဆင်ဖြူကျွန်းနယ်ဘက် တွေကလည်း စတင်ဝင်ရောက် လာတော့မှာပါ” ဟု ၎င်းကရှင်းပြသည်။ 

 


ဂျပန်နှမ်းဖြူကို    သီးထပ် အဖြစ် ရာသီမရွေးစိုက်ပျိုးနိုင်ပြီး စိုက်ပျိုးပြီးရက်  ၁၀၀  အတွင်း ပေါ်ထွက်လေ့ရှိကာ ရောင်းချရာ တွင်လည်း အခက်အခဲမရှိသော မြန်မာ့ထွက်ကုန်    တစ်ခုဖြစ် ကြောင်းနှင့် မန္တလေးတိုင်းဒေသ ကြီး၊  မကွေးတိုင်းဒေသကြီးနှင့် စစ်ကိုင်းတိုင်းဒေသကြီးတို့တွင် အဓိက စိုက်ပျိုးလျက်ရှိကြောင်း၊ မန္တလေးတိုင်းဒေသကြီး ကျောက် ဆည်နှင့်  လယ်တွင်းကိုးခရိုင်မှ ထွက်ရှိလာသည့် ဂျပန်နှမ်းဖြူ များသည်  ဈေးကွက်အတွင်း၌ လူကြိုက်အများဆုံးဖြစ်ကြောင်း သိရသည်။

မင်းထက်အောင်(မန်းကိုယ်ပွား)