နေပြည်တော် ဇွန် ၂၅
ပြန်ကြားရေး ဝန်ကြီးဌာန ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံ ရေးဦးစီးဌာနမှ သင်တန်းသား သင်တန်းသူ ၃၂ ဦးတို့သည် ယနေ့ နံနက်ပိုင်းက နေပြည်တော်- တပ်ကုန်းရှိ မြန်မာ့အသံနှင့် ရုပ်မြင်သံကြား၌ ရုပ်သံ ထုတ်လွှင့်မှု ဆိုင်ရာများနှင့် မြန်မာ့အသံနှင့် ရုပ်မြင်သံကြား စိန်ရတုပြတိုက်တို့တွင် လေ့လာကြသည်။
အဆိုပါ လေ့လာရေး အဖွဲ့ဝင် များသည် ရှေးဦးစွာ မြန်မာ့အသံ နှင့် ရုပ်မြင်သံကြား စိန်ရတု ပြတိုက်အတွင်း ခင်းကျင်းပြသ ထားသည့် ခေတ်အဆက်ဆက် ရုပ်သံထုတ်လွှင့်မှုများတွင် အသုံး ပြုခဲ့သည့် စက်ပစ္စည်းများ၊ တိုက်ရိုက်ထုတ်လွှင့်ရေး မော်တော် ယာဉ်များ၊ သတင်းတင်ဆက်မှု ပုံစံငယ်များ၊ ခေတ်အဆက်ဆက် ထုတ်လွှင့်တင်ဆက်ခဲ့သည့် အစီ အစဉ်များတွင် ပါဝင်ဆောင်ရွက်ခဲ့ သူများ၏ မှတ်တမ်းဓာတ်ပုံများ၊ တူရိယာပစ္စည်းများ၊ သတင်း စတူဒီယိုခန်းများ၊ ရေဒီယိုအစီ အစဉ်တွင် အသုံးပြုခဲ့သည့် ခေတ်ဟောင်း ဓာတ်ပြားများနှင့် အခြားအသုံးအဆောင် ပစ္စည်း များစသည့် စုစုပေါင်း ပြခန်း ၄၀ တွင် ခင်းကျင်းပြသထားမှုများ အပြင် ပင်မအဆောက်အအုံအတွင်း ရုပ်သံထုတ်လွှင့်မှု လုပ်ငန်းများကို လှည့်လည်ကြည့်ရှုလေ့လာကြရာ တာဝန်ရှိသူများက ရှင်းလင်း ဖြေကြားကြသည်။
အဆိုပါ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ သင်တန်းသား သင်တန်းသူများ သည် E – Library Management System Software အသုံးပြု နည်းသင်တန်း (၃/၂၀၂၂) သို့ ဇွန် ၂၀ ရက်မှ ၂၄ ရက် အထိ တက်ရောက်ခဲ့ကြပြီးနောက် သက်ဆိုင်ရာ ဒေသအသီးသီးသို့ ပြန်လည်မထွက်ခွာမီ မြန်မာ့အသံ နှင့် ရုပ်မြင်သံကြားသို့ လာရောက် ၍ ရုပ်သံထုတ်လွှင့်မှုများကို လေ့လာကြခြင်းဖြစ်သည်။
သတင်းစဉ်



