စိန်ရတု ကချင်ပြည်နယ်နေ့ အခမ်းအနားကျင်းပနိုင်ရေး ဆွေးနွေး

 

မြစ်ကြီးနား    ဇွန် ၂၅


(၇၅)နှစ်မြောက် စိန်ရတု ကချင် ပြည်နယ်နေ့        အခမ်းအနားကို ထူးခြား  စည်ကားသိုက်မြိုက်စွာ   ကျင်းပနိုင်ရေးအတွက်    လုပ်ငန်း ညှိနှိုင်းအစည်းအဝေးကို ဇွန် ၂၄  ရက်က မြစ်ကြီးနားမြို့ရှိ ပြည်နယ် အစိုးရအဖွဲ့ရုံး    မလိခခန်းမ၌    ကျင်းပရာ      ပြည်နယ်ဝန်ကြီးချုပ်     ဦးခက်ထိန်နန်      တက်ရောက်   အမှာစကား ပြောကြားသည်။

 


အစည်းအဝေးတွင် ပြည်နယ် ဝန်ကြီးချုပ်က  လာမည့်   ကချင် ပြည်နယ်နေ့သည်     ယခင်နှစ်များ နှင့်  မတူဘဲ (၇၅)   နှစ်မြောက် စိန်ရတုနှစ်      ဖြစ်သည့်အတွက် အနှစ်သာရပြည့်ဝပြီး    ထူးခြား ကောင်းမွန်စွာ  ကျင်းပပြုလုပ်ရ မည်ဖြစ်ကြောင်းနှင့်  အောင်မြင် စွာ ကျင်းပပြုလုပ်နိုင်ရေး  ဝိုင်းဝန်း ကြိုးပမ်း    ဆောင်ရွက်သွားရမည် ဖြစ်ကြောင်း၊     တက်ရောက်လာကြသည့်  ဌာနဆိုင်ရာများအနေဖြင့် ယခင်နှစ်များ၏    အားနည်းချက်/ အားသာချက်များကို      သုံးသပ် ဆွေးနွေးပြီး      ကြိုတင်ပြင်ဆင် ဆောင်ရွက်နိုင်ရေး      အကြံပြု     ဆွေးနွေးကြစေလိုကြောင်း     တိုက်တွန်းမှာကြားသည်။

 


ထို့နောက်     ပြည်နယ်အစိုးရ အဖွဲ့ဝင်များနှင့်      ဌာနဆိုင်ရာ တာဝန်ရှိသူများက       စိန်ရတု ကချင်ပြည်နယ်နေ့  အခမ်းအနား အောင်မြင်စွာ       ကျင်းပနိုင်ရေး အတွက်  ကြိုတင်ပြင်ဆင်ရမည့်ကိစ္စရပ်များ၊   ကော်မတီအဖွဲ့ဝင် များ ပြင်ဆင်ဖြည့်စွက်ဖွဲ့စည်းခြင်း ဆိုင်ရာကိစ္စရပ်များ၊  မနောအက နှင့်     ဌာနဆိုင်ရာပြခန်းများ၊ ပျော်ပွဲရွှင်ပွဲများ    ထည့်သွင်း ကျင်းပနိုင်ရေး၊    အထိမ်းအမှတ် မဂ္ဂဇင်း၊ ပြက္ခဒိန်နှင့် မှတ်စုစာအုပ် ထုတ်ဝေနိုင်ရေး  ဆောင်ရွက်ထား ရှိမှုများစသည့်     ကိစ္စရပ်များကို ဆွေးနွေးတင်ပြကြပြီး   ပြည်နယ်ဝန်ကြီးချုပ်က    လိုအပ်သည်များကို       ဖြည့်ဆည်းဆောင်ရွက် သွားနိုင်ရေးအတွက်      ညှိနှိုင်း ပေါင်းစပ် ဆောင်ရွက်ပေးခဲ့သည်။


 ပြည်နယ် (ပြန်/ဆက်)