
ပုသိမ် ဇွန် ၂၅
ဧရာဝတီတိုင်းဒေသကြီး၏ မြို့တော်ပုသိမ်မြို့ကြီး အား “CLEAN CITY” ဖြစ်ရေးအတွက် ဧရာဝတီတိုင်း ဒေသကြီးဝန်ကြီးချုပ်၏ ဦးဆောင်မှုဖြင့် တိုင်းဒေသ ကြီးအတွင်းရှိ မြို့နယ်တိုင်းတွင် ဆောင်ရွက်လျက်ရှိ နေပြီး ယနေ့တွင် ပုသိမ်မြို့နယ်အတွင်းရှိ တိုင်း/ခရိုင်နှင့် မြို့နယ်ဌာနဆိုင်ရာများ၊ တိုင်းဒေသကြီး စည်ပင်သာယာရေးအဖွဲ့နှင့် မြို့နယ်စည်ပင်သာယာ ရေးအဖွဲ့များက ယနေ့ နံနက်ပိုင်းမှစကာ စုပေါင်း သန့်ရှင်းရေးကို အပတ်စဉ်စနေနေ့တိုင်း ဆောင်ရွက်လျက်ရှိသည်။
ယနေ့တွင် စုပေါင်းသန့်ရှင်းရေး ဆောင်ရွက် ခြင်းကို အမှတ်(၃)ရပ်ကွက် အ.မ.က.၄ ကိုးသိန်း စာသင်ကျောင်းအတွင်း၌ လည်းကောင်း၊ ရေမြောင်း များ တူးဖော်ခြင်းကို အမှတ်(၄) နယ်မြေ ပြည်တော် သာ အိမ်ရာ၌ လည်းကောင်း၊ ပလတ်စတစ်ကမ်ပိန်း ဆောင်ရွက်ခြင်းများကို စုစုပေါင်း ခြောက်နေရာခွဲ၍ ပြုလုပ်လျက်ရှိပြီး တိုင်းဒေသကြီး လူမှုရေးဝန်ကြီး ဦးမောင်မောင်သန်းနှင့် တာဝန်ရှိသူများက စစ်ဆေး ကြပ်မတ်ဆောင်ရွက်ခဲ့ရာ တိုင်းဒေသကြီးစည်ပင် သာယာရေးအဖွဲ့ ညွှန်ကြားရေးမှူး ဦးအောင်ကျော်စိုး နှင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင် အရာရှိ ဒုတိယညွှန်ကြားရေးမှူး ဦးကျော်စိုးတို့က ဆောင်ရွက်နေမှုများအား လိုက်လံပြသရှင်းလင်း ပြောကြားခဲ့သည်။
ယနေ့ပြုလုပ်သည့် ပလတ်စတစ်ကမ်ပိန်း ပြုလုပ်ခြင်း၏ ရည်ရွယ်ချက်များမှာ ကမ္ဘာမြေကြီး ကို စိန်ခေါ်နေသည့် ပလတ်စတစ်ကင်းစင်ရေးနှင့် အများပြည်သူတစ်ရပ်လုံးက လျှော့ချသုံးစွဲရေး အတွက် လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းနှင့် စည်းကမ်းမဲ့အမှိုက်များ၊ မစွန့်ပစ်ရေးပိုစတာများ ကိုင်ဆောင်အသိပေးခြင်းများ ဆောင်ရွက်ခြင်းဖြစ်ကြောင်း ပြောကြားသည်။
ပလတ်စတစ်ကမ်ပိန်းပြုလုပ်ခြင်းနှင့် စုပေါင်း သန့်ရှင်းရေး ဆောင်ရွက်ခြင်းများကို ပုသိမ်မြို့ပေါ်ရှိ ဌာနဆိုင်ရာများနှင့် ရပ်ကွက်အသီးသီးရှိ ပြည်သူ စုစုပေါင်း ၅၅၀ တို့ဖြင့် စုပေါင်းဆောင်ရွက်ကြကြောင်း သိရသည်။
မြင့်ဟန်