လှည်းကူးမြို့နယ်တွင် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့အထိမ်းအမှတ် လက်ကမ်းစာစောင်များဖြန့်ဝေ

 

ရန်ကုန်    ဇွန်     ၂၅


ရန်ကုန်တိုင်းဒေသကြီး ရန်ကုန် မြောက်ပိုင်းခရိုင်    လှည်းကူး မြို့နယ်အတွင်းရှိ လူငယ်လူရွယ် များအနေဖြင့် မူးယစ်ဆေးဝါးနှင့် စိတ်ကို ပြောင်းလဲစေတတ်သော ဆေးဝါးများ၏    ကြောက်မက် ဖွယ်ရာ    ဆိုးကျိုးအန္တရာယ်များ အကြောင်းကိုကျယ်ကျယ်ပြန့်ပြန့် သိရှိရန်နှင့်      မူးယစ်ဆေးဝါး အန္တရာယ်   တားဆီးနှိမ်နင်းရေး လုပ်ငန်းများတွင်   အစိုးရအပါ အဝင် သက်ဆိုင်ရာအဖွဲ့အစည်း များနှင့်အတူ   အားတက်သရော ပူးပေါင်းပါဝင် ဆောင်ရွက်လာနိုင် ကြစေရန်   ရည်ရွယ်၍   ယနေ့ နံနက်ပိုင်းက   လှည်းကူးမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံ ရေးဦးစီးဌာနမှ  ဝန်ထမ်းများက ဌာနမှ ထုတ်ဝေသည့် “အပြည် ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး အလွဲ သုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့” အထိမ်းအမှတ် အသိပညာပေး   သတင်းစကား လက်ကမ်းစာစောင်များကို မြို့နယ် အတွင်းရှိ  ကားမှတ်တိုင်များ၊ စျေး များ၊    လက်ဖက်ရည်ဆိုင်များ၊  လမ်းဆုံလမ်းခွနေရာများ၊ လူစည် ကားရာ  နေရာများတွင်  ပြည်သူ များထံ လက်ဝယ်အရောက် အခမဲ့ လိုက်လံ ဖြန့်ဝေပေးသည်။

 


အဆိုပါ      သတင်းစကား လက်ကမ်းစာစောင်တွင်   မြန်မာ နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်မှုနှင့်အတူ ဖြစ်ပေါ်လျက်ရှိသည့်    မူးယစ် ဆေးဝါးပြဿနာများ၊ နိုင်ငံတော် အစိုးရအနေဖြင့် ဘက်ပေါင်းစုံမှ ဆောင်ရွက်လျက်ရှိသည့် မူးယစ် ဆေးဝါး      တားဆီးနှိမ်နင်းရေး လုပ်ငန်းများ၊        မူးယစ်ဆေးဝါး  တိုက်ဖျက်ချေမှုန်းရေး     မဟာ ဗျူဟာ (၂) ရပ်နှင့်   နည်းဗျူဟာ (၃)ရပ်၊   ကာတွန်း၊  ကဗျာနှင့် ဆောင်ပုဒ်များ၊ မူးယစ်ဆေးဝါးနှင့် ပတ်သက်သည့်   သိမှတ်ဖွယ်ရာ များကို  ဖော်ပြထားကြောင်း သိရသည်။       

အေးအေးနွဲ့(ပြန်/ဆက်)