ဆုရစာရေးဆရာကြီး၊ ဆရာမကြီးများအား ဂုဏ်ပြုပူဇော်ပွဲနှင့် စာပေညီလာခံအတွေ့အကြုံရှင်းလင်းပွဲ ဟင်္သာတ၌ ကျင်းပ

 

ဟင်္သာတ   ဇွန်   ၂၅


ဧရာဝတီတိုင်းဒေသကြီး ဟင်္သာတမြို့မှ စာပေဆုရရှိကြသော စာရေး ဆရာကြီး၊ ဆရာမကြီးများအား စာပေညီလာခံအတွေ့အကြုံရှင်းလင်း ပွဲကို ဩဂုတ် ၂၅ ရက်  နံနက် ၁၀ နာရီက  အထွေထွေအုပ်ချုပ်ရေးဦးစီး ဌာန  အစည်းအဝေးခန်းမ၌   ကျင်းပရာ   ဟင်္သာတခရိုင်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန ဒုတိယခရိုင်အုပ်ချုပ်ရေးမှူး ဦးသူရိန်နှင့် အဖွဲ့ဝင် များ၊  မြို့နယ်အုပ်ချုပ်ရေးမှူး ဦးငြိမ်းချမ်းအောင်နှင့် အဖွဲ့ဝင်များ၊ ဖိတ်ကြားထားသော   ဧည့်သည်တော်များ၊   စာရေးဆရာ   ဆရာမကြီး များ တက်ရောက်ကြသည်။ ရှေးဦးစွာ ဒုတိယခရိုင်အုပ်ချုပ်ရေးမှူးက အမှာစကားပြောကြားပြီး  ဆုရစာရေးဆရာကြီး  ဆရာမကြီးများကို ဂုဏ်ပြုပစ္စည်းများနှင့် ဂုဏ်ပြုလက်မှတ်များ ချီးမြှင့်သည်။

 


ထို့နောက် ဆုရစာရေးဆရာ ဆရာမကြီးများအား ဌာနဆိုင်ရာ တာဝန်ရှိသူများက ဂုဏ်ပြုလက်မှတ်များနှင့် ပစ္စည်းများကို အသီးသီး ပေးအပ်ကြပြီး  ဟင်္သာတစာရေးဆရာအသင်းမှ   ဆရာမ ရှင်ခင်စော(မအိ)က     ကျေးဇူးတင်စကား   ပြန်လည်ပြောကြားသည်။ ယင်းနောက်   စာပေညီလာခံ   အတွေ့အကြုံရှင်းလင်းပွဲကို  ကိုကျေး (ပျဉ်းမကုန်း)က ညီလာခံအတွေ့အကြုံအသေးစိတ် ရှင်းလင်းပြောကြားကြောင်း သိရသည်။      

                                      
အေးထွန်း(ဟင်္သာတ)