နေပြည်တော် ဇွန် ၂၅
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ဒုတိယ ဝန်ကြီး ဒေါက်တာအောင်ကြီး သည် ဇွန် ၂၄ ရက်က နေပြည်တော် ဇေယျာသီရိမြို့နယ်ရှိ ရေဆင်း စိုက်ပျိုးရေး တက္ကသိုလ်နှင့် မွေးမြူရေးဆိုင်ရာ ဆေးတက္ကသိုလ် များ၏ စာသင်နှစ်အလိုက် သင်ကြား သင်ယူနေမှုများကို ကြည့်ရှုစစ်ဆေးသည်။
တက္ကသိုလ် အသီးသီးရှိ ကျောင်းသား ကျောင်းသူများနှင့် တွေ့ဆုံစဉ် ဒုတိယဝန်ကြီးက လက်ရှိသင်ကြားသင်ယူမှုများကို နည်းပညာ အသိပညာတိုးတက် ရေးအတွက် လေ့လာမှုအဖြစ် ခံယူပြီး မိမိတို့တစ်ဦးချင်းစီ၏ အရည်အသွေး တောက်ပစေရေး အတွက် စဉ်ဆက်မပြတ် လေ့လာ မှုနှင့် အတွေ့အကြုံကောင်းများ ရရှိရေးကို မိမိတို့ကိုယ်တိုင် ကလည်း ကြိုးစားအားထုတ် ကြရန် လိုအပ်မည်ဖြစ်ကြောင်း၊ အချိန်နှင့်အမျှ တိုးတက်နေသည့် နည်းပညာများကို ကျောင်းသား ကျောင်းသူများ လေ့လာနိုင်ကြ စေရေးအတွက် ကျောင်းပရဝဏ် အတွင်း ဝိုင်ဖိုင်များထုတ်လွှင့်ပေးထားပြီး စာကြည့်တိုက်များနှင့် ချိတ်ဆက်အသုံးပြုနိုင်ရေး စီမံ ဆောင်ရွက်ထားမှုအပေါ် အကျိုး ရှိစွာ အသုံးပြုပြီး လေ့လာကြိုးစား ကြစေလိုကြောင်း၊ အလားတူ ကျန်းမာပျော်ရွှင်စွာ ပညာသင်ယူ နိုင်ရေးနှင့် ကျောင်းသား ကျောင်း သူများအချင်းချင်း စည်းလုံး ညီညွတ်စွာဖြင့် မိမိတို့တက္ကသိုလ် နယ်မြေကို စံပြလူမှုဝန်းကျင် ကောင်းအဖြစ် ဖော်ဆောင်ရေး ကြိုးပမ်းသွားကြရန် တိုက်တွန်း ပြောကြားသည်။
ဆက်လက်၍ ဒုတိယဝန်ကြီး က ဆရာ ဆရာမများ၊ ကျောင်းသား ကျောင်းသူများအတွက် တက္ကသိုလ် တစ်ကျောင်းလျှင် ငါးပိဿာချိန် ၂၀ နှင့် ကြက်ဥအလုံး ၂၀၀၀ တို့ကို ပေးအပ်သည်။
ထို့နောက် ဒုတိယဝန်ကြီး နှင့် တာဝန်ရှိသူများသည် စိုက်ပျိုးရေး တက္ကသိုလ်နှင့် မွေးမြူရေးဆိုင်ရာ ဆေးတက္ကသိုလ်များရှိ စာသင် ဆောင်များ၊ အိပ်ဆောင်များ၊ စားရိပ်သာနှင့် စာကြည့်တိုက်များ ကို ကြည့်ရှုစစ်ဆေးခဲ့ကြကြောင်း သိရသည်။
သတင်းစဉ်



