ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်း လှည်းကူးမြို့နယ်ရှိ ရုပ်ရှင်လုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်း လျာထားမြေနေရာ ကြည့်ရှုစစ်ဆေး

 

မြန်မာနိုင်ငံဂီတအစည်းအရုံး(ဗဟို)က  စီစဉ်ကျင်းပသည့်  မြန်မာနိုင်ငံဂီတနေ့  အထိမ်းအမှတ်  အကြိုဂုဏ်ပြုဖျော်ဖြေပွဲ  ကြည့်ရှုအားပေး
 

နေပြည်တော်   ဇွန်  ၂၅


ပြန်ကြားရေး      ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး   ဦးမောင် မောင်အုန်းသည် ရန်ကုန်တိုင်းဒေသ ကြီး     ဥပဒေချုပ်   ဦးဌေးအောင်၊ မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးမှ နာယက၊   ဥက္ကဋ္ဌနှင့်   ဌာနဆိုင်ရာ အကြီးအကဲများနှင့်အတူ  ယနေ့ နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသ ကြီး လှည်းကူးမြို့နယ်ရှိ မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးက အကောင် အထည်ဖော်ဆောင်ရွက်မည့် စီမံ ကိန်းလျာထားမြေနေရာကို   သွား ရောက်ကြည့်ရှုစစ်ဆေးပြီး လိုအပ်  သည်များ ဆွေးနွေးမှာကြားသည်။

 


ရှေးဦးစွာ   စီမံကိန်းလျာထား မြေနေရာနှင့် ပတ်သက်၍ တာဝန် ရှိသူတစ်ဦးက  ရှင်းလင်းတင်ပြရာ   ပြည်ထောင်စု ဝန်ကြီးက    မြန်မာ့ရုပ်ရှင်ကဏ္ဍ  ဖွံ့ဖြိုး      တိုးတက်ရေးအတွက်    နိုင်ငံတော်အစိုးရက တတ်နိုင်သမျှ     ကူညီပံ့ပိုး ဆောင်ရွက်ပေးလျက်ရှိ ပါကြောင်း၊ ရုပ်ရှင်လောကသား များ၏  စားဝတ်နေရေး   အဆင်ပြေ စေရေးနှင့် အနုပညာလုပ်ငန်းများ   ပြန်လည်   လုပ်ကိုင်ဆောင်ရွက် နိုင်ရေးအတွက်      လိုအပ်သည့် ချေးငွေများကို       ထုတ်ပေး ဆောင်ရွက်ပေးနေ       သကဲ့သို့   ရေရှည်  ဖွံ့ဖြိုးတိုးတက်စေမည့်    အစီအမံများကိုလည်း အကောင် အထည်ဖော်ပေးလျက်           ရှိပါ ကြောင်း၊       ယခုမြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးက  အကောင် အထည်ဖော်မည့်  ရုပ်ရှင်မြို့တော် စီမံကိန်း  (သို့မဟုတ်)   ရုပ်ရှင် လုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေး  စီမံ ကိန်းသည် မြန်မာ့ရုပ်ရှင်လောက ရေရှည်ဖွံ့ဖြိုး        တိုးတက်ရေး အတွက်        နိုင်ငံတော်အစိုးရက  မျှော်မှန်းအကောင်အထည်ဖော်ပေးနေခြင်းပင်ဖြစ်သည်ဟု ဆိုနိုင် ပါကြောင်း။
စီမံကိန်းကို လျာထားစဉ်းစား ရာတွင်  ဖြစ်နိုင်ခြေရှိသည့်အပိုင်းမှ စတင်၍           ချဉ်းကပ်အကောင် အထည်ဖော်  ဆောင်ရွက်စေလိုပါ ကြောင်း၊ ရင်းနှီးမြှုပ်နှံမှု ပမာဏ ကြီးမားနိုင်သဖြင့်    မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံး တစ်ခုတည်း က  ရင်းနှီးမြှုပ်နှံဆောင်ရွက်ခြင်း ထက်  ရုပ်ရှင်လုပ်ငန်းကို  စိတ်ပါ ဝင်စားသည့်  ပြည်တွင်းလုပ်ငန်းရှင်ကြီးများနှင့်  ပေါင်းစပ်လုပ်ကိုင် ဆောင်ရွက်နိုင်ပါက  ပိုမိုအကျိုးရှိ နိုင်မည်ဖြစ်ပါကြောင်း၊  စီမံကိန်း မြေနေရာသည်   ရန်ကုန်မြို့နှင့် မလှမ်းမဝေးတွင်  တည်ရှိနေသည့် အတွက်         ရုပ်ရှင်ရိုက်ကူးရေး လုပ်ငန်းများသာမက  ပြည်သူများ အပန်းဖြေ     လုပ်ငန်းများနှင့်ပါ တွဲဖက်လုပ်ကိုင်နိုင်မည်ဟု ထင်မြင် မိပါကြောင်း။

 


မည်သို့ပင်ဖြစ်စေ နိုင်ငံတော် ဝန်ကြီးချုပ်က ရုပ်ရှင်အနုပညာရှင် များအပေါ်ထားရှိသော စေတနာ ကိုသိမြင်ပြီး ရုပ်ရှင်ကဏ္ဍပိုမိုဖွံ့ဖြိုး တိုးတက်စေရေးအတွက် ဝိုင်းဝန်း ကူညီ   ဆောင်ရွက်ပေးကြစေလိုကြောင်း ပြောကြားသည်။

 


ထို့နောက် ရန်ကုန်တိုင်းဒေသ ကြီး   ဥပဒေချုပ်  ဦးဌေးအောင်၊ မြန်မာနိုင်ငံရုပ်ရှင်  အစည်းအရုံး  ဥက္ကဋ္ဌ       ဦးကြည်စိုးထွန်းနှင့်  နာယက    ဦးအောင်လွင်တို့က ရုပ်ရှင်လုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေး အတွက် ဆောင်ရွက်မည့် အစီအမံ များကို   တင်ပြရာ  ပြည်ထောင်စုဝန်ကြီးက      လိုအပ်သည်များ ဖြည့်စွက်ဆွေးနွေးသည်။

 


ကြည့်ရှုအားပေး


ယမန်နေ့     ညနေပိုင်းတွင် မြန်မာနိုင်ငံဂီတ   အစည်းအရုံး (ဗဟို) က     စီစဉ်ကျင်းပသည့် မြန်မာနိုင်ငံဂီတနေ့ အထိမ်းအမှတ်  အကြိုဂုဏ်ပြု       ဖျော်ဖြေပွဲကို  ရန်ကုန်မြို့ ပြည်လမ်းရှိ မြန်မာ့ အသံနှင့် ရုပ်မြင်သံကြားစတူဒီယို (A)၌    ပြုလုပ်ရာ   ပြည်ထောင်စု ဝန်ကြီး  ဦးမောင်မောင်အုန်းနှင့် ရန်ကုန်တိုင်းဒေသကြီး   ဝန်ကြီး ချုပ်   ဦးစိုးသိန်းတို့   တက်ရောက် ကြည့်ရှုအားပေးသည်။

 


ရှေးဦးစွာ    ပြည်ထောင်စု ဝန်ကြီးသည်   ဂုဏ်ပြုဖျော်ဖြေပွဲသို့  တက်ရောက်လာကြသော   ရုပ်ရှင်၊ သဘင်၊ ဂီတနယ်ပယ်မှ အနုပညာရှင်များနှင့် အတတ်ပညာရှင်များအား   ရင်းရင်းနှီးနှီး   နှုတ်ဆက်သည်။

 


ဂုဏ်ပြုပွဲ      အခမ်းအနား၌ ပြည်ထောင်စုဝန်ကြီးက  အမှာ စကားပြောကြားရာတွင် နိုင်ငံသူ၊ နိုင်ငံသားများသည်      ရုပ်ရှင်၊ သဘင်၊ ဂီတတို့၏ စွမ်းဆောင်မှုကို အသိအမှတ်ပြုပြီး   အတုယူလေ့ ရှိရာ     အနုပညာရှင်များသည် မိမိတို့အတတ်ပညာဖြင့် ပြည်သူ ကို ပေးဆပ်နိုင်ရန် အတတ်နိုင်ဆုံး ကြိုးစား         ဆောင်ရွက်စေလိုပါ ကြောင်း၊   ဝန်ကြီးဌာနအနေဖြင့် ဆန်းသစ်သော သစ်လွင်မှုများဖြင့် လူကြီး၊ လူရွယ်၊ လူငယ်ကြိုက် နှစ်သက်မည့်   အစီအစဉ်များကို မြန်မာ့ရုပ်မြင်သံကြားနှင့် ရေဒီယို တို့မှ  ထုတ်လွှင့်ပြသပေးလျက်ရှိပါ ကြောင်း၊ ယနေ့တွင် အနုပညာရှင် များစွာ       သိုက်သိုက်ဝန်းဝန်း၊ ပြုံးပြုံးရွှင်ရွှင်    တွေ့မြင်ရသည့် အတွက်     ဝမ်းသာကြည်နူးရပါ ကြောင်း၊    အနုပညာရှင်များအနေ ဖြင့်       မိမိတို့တတ်စွမ်းသော အနုပညာ         စွမ်းအားနှင့်အညီ ပြည်သူတို့ပြုံး     ပျော်ရွှင်အောင် ရဲရဲဝံ့ဝံ့ဖြင့်    ညီညီညွတ်ညွတ် စွမ်းဆောင်      ပေးနိုင်ကြစေလိုပါကြောင်း။

 


 ဇွန် ၂၇ ရက်တွင် ကျရောက်မည့်           မြန်မာနိုင်ငံဂီတနေ့ ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် မြန်မာနိုင်ငံဂီတ    အစည်အရုံး (ဗဟို)အစီအစဉ်ဖြင့် ကျင်းပသော တေးဂီတ          ဖျော်ဖြေပွဲမှသည် အနာဂတ်ကာလတို့တွင် အနုပညာ လှုပ်ရှားမှုများ    စဉ်ဆက်မပြတ် ဆောင်ရွက်နိုင်ကြပါစေကြောင်း၊ ပြန်ကြားရေးဝန်ကြီးဌာန  အနေ ဖြင့်     ဂီတလောက   အပါအဝင် စာပေ၊   ရုပ်ရှင်၊ သဘင်လောက ဖွံ့ဖြိုးတိုးတက်   စေရေးအတွက် တတ်စွမ်းသည့်ဘက်မှ အစွမ်းကုန် ကူညီ    ဆောင်ရွက်ပေးသွားမည် ဖြစ်ပါကြောင်းပြောကြားသည်။

 


ထို့နောက်   မြန်မာနိုင်ငံဂီတ အစည်းအရုံး  (ဗဟို)   ဥက္ကဋ္ဌ ဦးလွင်မြင့်က     မြန်မာနိုင်ငံဂီတ အစည်းအရုံးကို  ၁၉၆၃ ခုနှစ်တွင် စတင်ဖွဲ့စည်းခဲ့ပြီး    ယနေ့တိုင် ရပ်တည်နေသော   အဖွဲ့အစည်း တစ်ခု ဖြစ်ပါကြောင်း၊ မြန်မာ့ဂီတ နှင့်  မဟာဂီတကို  ဦးထိပ်ထား ထိန်းသိမ်းလျက်ရှိပြီး  မြန်မာမှုကို အခြေခံ၍  ကမ္ဘာ့ဂီတကို  အခြေခံ သော            ယနေ့လူငယ်များနှင့် ဆီလျော်စွာ    အိုင်တီနည်းပညာ စက်ပစ္စည်းများနှင့်   ဂီတပညာ ပေါင်းစပ်ထားသည့်   ခေတ်သစ် တွင်      အခြေခံကောင်းများဖြင့် ဖွဲ့စည်းထားသည့် ဂီတအစည်း အရုံးဖြစ်ပါကြောင်း၊   ဂီတပညာ ရပ်သည်       နိုင်ငံတော်အတွက် အကျိုးရှိစေပြီး        နိုင်ငံတော်က တန်ဖိုးထားသော  ရတနာများလည်းဖြစ်ပါကြောင်း    ပြောကြားသည်။

 


ဖျော်ဖြေတင်ဆက်


ဆက်လက်၍   မြန်မာနိုင်ငံ ဂီတအစည်းအရုံး(ဗဟို) တေးဂီတ အဖွဲ့၏          တီးခတ်မှုနှင့်အတူ တေးသံရှင်များ         ဖြစ်ကြသည့် မြန်မာပြည်သိန်းတန်၊   ဂျော်နီ၊ စျာန်၊ ဇော်ထွေးလတ်၊ ဈာန်ထူး၊  မင်းသားလေး၊    ရွှေယမင်းဦး၊ အိအိချွန်၊ သီတာသိမ့် ၊ ဇင်သူဇာ ထွန်း၊  ဇင်သူသူထွန်း၊  ချိုမီမီဇော်၊ ရေဂျီနားနှင့်   သွန်းနေနေတို့က   ဖျော်ဖြေတင်ဆက်ကြသည်။

 


ယင်းနောက်  ရန်ကုန်တိုင်း ဒေသကြီး   ဝန်ကြီးချုပ်  ကိုယ်စား ရန်ကုန်တိုင်းဒေသကြီး   ဥပဒေ ချုပ် ဦးဌေးအောင်က  မြန်မာနိုင်ငံ ဂီတ အစည်းအရုံး (ဗဟို)  သို့   ငွေကျပ် ၂၅ သိန်း  ပေးအပ်ရာ မြန်မာနိုင်ငံဂီတ   အစည်းအရုံး (ဗဟို)    ဥက္ကဋ္ဌ    ဦးလွင်မြင့်က လက်ခံရယူသည်။

 


ဆက်လက်၍   ပြည်ထောင်စု ဝန်ကြီးက   မြန်မာနိုင်ငံဂီတနေ့ အထိမ်းအမှတ်  အကြိုဂုဏ်ပြုပွဲ တွင် ဖျော်ဖြေတင်ဆက်ခဲ့ကြသည့် အနုပညာရှင်များအား  ဂုဏ်ပြုပန်းခြင်း  ပေးအပ်သည်။

 


 နိုင်ငံတော်သီချင်း မြစ်ဖျား စကားခံရာ  တို့ဗမာသီချင်း  စတင် ပေါ်ပေါက်ခဲ့သည့် ဇွန်  ၂၇ ရက်ကို မြန်မာနိုင်ငံ ဂီတနေ့အဖြစ် ရွေးချယ် သတ်မှတ်ခဲ့ကြောင်း၊    သမိုင်း မှတ်တမ်းများအရ  ၁၉၃၆  ခုနှစ် ဇွန်  ၂၇  ရက်တွင်  မြန်မာနိုင်ငံ အလယ်ပိုင်း မြင်းခြံမြို့၌ ကျင်းပ ခဲ့သော ဒုတိယအကြိမ်မြောက် တို့ဗမာအစည်းအရုံးညီလာခံတွင် တို့ဗမာသီချင်းကို “အမျိုးသား သီချင်း”  အဖြစ်   တညီတညွတ်တည်း   သတ်မှတ်ပြဋ္ဌာန်းခဲ့ကြကြောင်း သိရသည်။ 


  သတင်းစဉ်