မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ပွင့်ဖြူမြို့နယ် မွေးမြူရေးဇုန် အကောင်အထည်ဖော်ဆောင်ရွက်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးတက်ရောက်

 

မကွေး     ဇွန်     ၂၅


မကွေးတိုင်းဒေသကြီး မွေးမြူရေး ကဏ္ဍ    ဖွံ့ဖြိုးတိုးတက်စေရေး အတွက်  ပွင့်ဖြူမြို့နယ်    မွေးမြူ ရေးဇုန် အကောင်အထည်ဖော်      ဆောင်ရွက်ရေး  လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို  ဇွန် ၂၄ ရက် နံနက် ၁၀ နာရီက တိုင်းဒေသကြီး အစိုးရအဖွဲ့  ရုံးအစည်းအဝေးခန်းမ ၌    ကျင်းပရာ  တိုင်းဒေသကြီး  ဝန်ကြီးချုပ်          ဦးတင့်လွင်        တက်ရောက်၍    ပွင့်ဖြူမြို့နယ်   ပြည်လုံးကျော်    ကျေးရွာအုပ်စု အမှတ်(၄) ချည်မျှင်နှင့်အထည် စက်ရုံ (ပွင့်ဖြူ) မှ       ပြန်လည် စွန့်လွှတ်သည့်   ဧရိယာအတွင်း မွေးမြူရေးဇုန်      အောင်မြင်စွာ အကောင်အထည်ဖော်ဆောင်နိုင် ရေး အစီအမံများနှင့် စပ်လျဉ်း၍ အမှာစကားပြောကြားသည်။

 


ဆက်လက်၍  တိုင်းဒေသကြီး အစိုးရအဖွဲ့ လုံခြုံရေးနှင့်နယ်စပ် ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ကျော်  ကျော်လင်းက ပြန်လည်စွန့်လွှတ် သည့် ဧရိယာအတွင်း မွေးမြူရေး ဇုန် ဖော်ဆောင်ရန် မြေပြင်စိစစ်ပြီး ဧရိယာ ၂၈၃ ဒသမ ၀၀ ဧကအပေါ် လျှောက်ထား   တင်ပြထားသည့် မွေးမြူရေးလုပ်ငန်းရှင်  ၁၃   ဦး အတွက် အဆိုပြုလျာထားအကွက် ပေါင်း ၁၃ ကွက်၊ ဧရိယာ ၁၁၀ ဒသမ ၀၀ ဧကနှင့် ကျန်ရှိဆက်စပ် ဧရိယာ ၈၀ ဒသမ ၀၀ ဧကအပေါ် တွင် ဧရိယာ ၅ ဒဿမ ၀၀ ဧက ရှိသည့် အရံမြေ ၁၆ ကွက်အား လျာထားဆောင်ရွက်နိုင်မှု အခြေ  အနေများအား ရှင်းလင်းဆွေးနွေး ပြောကြားသည်။

 


ဆက်လက်ပြီး တိုင်းဒေသကြီး လယ်ယာမြေ   စီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန တိုင်းဒေသ ကြီး  ဦးစီးမှူး    ဦးကျော်ဝင်းက   ပွင့်ဖြူမြို့နယ်  ပြည်လုံးကျော် ကျေးရွာအုပ်စုတွင်  ဆောင်ရွက် မည့်   မွေးမြူရေးဇုန်  မြေနေရာ လျှောက်ထားမှု   မြေနေရာလိုအပ် ချက်    တွက်ချက်တင်ပြလာမှု အပေါ် စိစစ်တွေ့ရှိမှု အခြေအနေ များကို     ရှင်းလင်းတင်ပြခဲ့ပြီး တိုင်းဒေသကြီး   မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန   တိုင်းဒေသ ကြီး  ဦးစီးမှူး Dr ဝင်းမြင့်က မွေးမြူရေးဇုန်   ဖော်ဆောင်မည့်  ဧရိယာအတွင်း     မွေးမြူရေး လုပ်ငန်းရှင် ၁၃ ဦးတို့   လျှောက် ထားသည့် တိရစ္ဆာန်အမျိုးအစား အရေအတွက်အရ  မွေးမြူရေးခြံ  အတွက်   မြေနေရာလိုအပ်ချက်၊  တိရစ္ဆာန်အစာပင်    စိုက်ပျိုးရန် မြေနေရာ    လိုအပ်ချက်များနှင့်  ပတ်သက်၍  ရှင်းလင်းဆွေးနွေး တင်ပြကာ မွေးမြူရေးလုပ်ငန်းရှင် များမှ မွေးမြူရေးဇုန်ဖော်ဆောင် မည့်   လုပ်ငန်းစဉ်အား   မိမိတို့ အနေဖြင့် အားလုံးပူးပေါင်းပါဝင် ကာ      ဆောင်ရွက်သွားမည်ဖြစ် ကြောင်းနှင့် လုပ်ငန်းလိုအပ်ချက် များကို ဆွေးနွေးတင်ပြသည်။

 


ယင်းနောက် လုပ်ငန်းညှိနှိုင်း  ဆွေးနွေး   တင်ပြခဲ့မှုများအပေါ် တိုင်းဒေသကြီး    ဝန်ကြီးချုပ်က  လိုအပ်သည်များကို  ပေါင်းစပ် ညှိနှိုင်းဆောင်ရွက်ပေးပြီး ပွင့်ဖြူ မြို့နယ်တွင်   အကောင်အထည် ဖော် ဆောင်ရွက်မည့် မြေနေရာ သည် နိုင်ငံတော်မှစီမံခန့်ခွဲပိုင်ခွင့် ရှိသောမြေအဖြစ် သတ်မှတ်လိုက် ကြောင်း အမိန့်ထုတ်ပြန်ခဲ့သည့် မြေနေရာဖြစ်၍ မွေးမြူရေးဇုန်မြေ နေရာအဖြစ်     အသုံးပြုနိုင်ရေး  နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ သို့ တင်ပြအတည်ပြုချက်ရယူကာ  အောင်မြင်အောင်      ဆောင်ရွက် သွားမည်ဖြစ်ကြောင်း ပြောကြားသည်။ 


မောင်ညီညာ