ပြည်ထောင်စုဝန်ကြီး ဦးလှမိုး မွန်ပြည်နယ်အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်နေမှု ကြည့်ရှုစစ်ဆေး

 

နေပြည်တော်  ဇွန် ၂၅


သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးလှမိုးနှင့်အဖွဲ့သည် ယနေ့ မွန်းလွဲပိုင်း က မွန်ပြည်နယ်အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်း အကောင်အထည်ဖော်ဆောင်ရွက်နေမှုနှင့် ကျေးလက်နေ ပြည်သူများ၏ အခြေခံလိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်ရေးအတွက် ကွင်းဆင်းစစ်ဆေးသည်။

 


ဦးစွာ  ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည်   မွန်ပြည်နယ်  ပေါင် မြို့နယ်   ကန်ဖြူကျေးရွာတွင် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက် ရေးဦးစီးဌာနမှ    ကျေးရွာဖွံ့ဖြိုး တိုးတက်ရေး  လုပ်ငန်းစီမံကိန်း (VDP) ထောက်ပံ့ရန်ပုံငွေ၊ ပြည်သူ ထည့်ဝင်ငွေတို့ဖြင့်  ကျေးရွာနေ ပြည်သူများ       သန့်ရှင်းသော သောက်သုံးရေ   ဖူလုံစွာရရှိရေး အိမ်ထောင်စု  ၂၁၇  စု  လူဦးရေ ၁၁၅ ဦး အကျိုးပြုမည့် အိမ်တိုင် ရာရောက်  ရေပိုက်လိုင်းသွယ်တန်း ခြင်းနှင့်   ရေမီတာတပ်ဆင်ခြင်း လုပ်ငန်း   ဆောင်ရွက်ပြီးစီးမှုကို လည်းကောင်း၊ ၂၀၁၈-၂၀၁၉ခု ဘဏ္ဍာရေးနှစ်တွင် ဆောင်ရွက်ခဲ့ သည့် သဲဖြူကုန်းကျေးရွာ  အပါ အဝင် ကျေးရွာသုံးရွာမှ တောင်သူ ဦးရေ ၂၈၀၀ ကျော် အသုံးပြုလျက် ရှိသည့်   ကျေးလက်ကုန်ထုတ် လမ်းဘေးဝဲ/ယာရှိ လယ်ယာ စိုက်ပျိုးမြေ  ဧက ၁၀၀၀ ကျော် အကျိုးဖြစ်ထွန်းနေမှု အခြေအနေ ကိုလည်းကောင်း ကြည့်ရှုစစ်ဆေး ပြီး   လိုအပ်သည်များ  မှာကြားသည်။

 


တွေ့ဆုံအားပေး


ညနေပိုင်းတွင် ပြည်ထောင်စု ဝန်ကြီးနှင့်အဖွဲ့သည်  မော်လမြိုင် မြို့ရှိ    သမဝါယမ  စာရင်းရေး စာရင်းကိုင်သင်တန်းကျောင်းသို့ ရောက်ရှိပြီး    အခြေခံပညာ အဋ္ဌမတန်း  အောင်မြင်ပြီးသူများ ကို သမဝါယမစာရင်းရေး စာရင်း ကိုင်   သက်မွေးပညာ  နှစ်နှစ် သင်တန်း  ဖွင့်လှစ်သင်ကြားနေမှု နှင့် ကျောင်းဆောင်များ၊ သင်တန်း သား သင်တန်းသူ အိပ်ဆောင်များ ကို ကြည့်ရှုစစ်ဆေးပြီး သင်တန်း တက်ရောက်      နေကြသည့် သင်တန်းသား သင်တန်းသူများကို ရင်းရင်းနှီးနှီး   တွေ့ဆုံအားပေးသည်။

 


ထို့နောက် သမဝါယမစာရင်း ရေး စာရင်းကိုင် သင်တန်းကျောင်း ကျောင်းအုပ်     ဆရာမကြီးက သမဝါယစာရင်းရေး စာရင်းကိုင် သက်မွေးပညာသင်တန်း  ဖွင့်လှစ် ပို့ချမှုကို          ရှင်းလင်းတင်ပြ ရာ     ပြည်ထောင်စုဝန်ကြီးက သမဝါယမစာရင်းရေးစာရင်းကိုင် သက်မွေး ပညာသင်တန်း နှစ်နှစ် တက်ရောက်ပြီးပါက အသိအမှတ် ပြု လက်မှတ်ရရှိမည်ဖြစ်ကြောင်း၊ ပြင်တွင်း   အလုပ်အကိုင်  အခွင့် အလမ်းများ  ဆောင်ရွက်ပေးရန် လိုအပ်ကြောင်း၊ သင်တန်းကျောင်း မှ ကျောင်းသား ကျောင်းသူများ ပိုမိုမွေးထုတ်ပေးနိုင်ရေး  ကြိုးစား ဆောင်ရွက်ရန်နှင့် ကျောင်းဆင်းပါ က  အလုပ်အကိုင်  အခွင့်အလမ်း များရရှိရေး     ဌာနဆိုင်ရာများ၊ ပုဂ္ဂလိက    လုပ်ငန်းရှင်များနှင့် ချိတ်ဆက်ပေးရန်၊ သင်ကြားရေး၊ နေထိုင်ရေး၊    စားသောက်ရေး၊ ကျန်းမာရေး   လိုအပ်သည်များ ကူညီပံ့ပိုးပေးရန်၊   ကျောင်းသား ကျောင်းသူများက စာကြိုးစားပြီး စည်းစည်းလုံးလုံး          ညီညီ ညွတ်ညွတ်ဖြင့်   စည်းကမ်းရှိရှိ နေထိုင်ကြရန်၊        သင်တန်း ပြီးမြောက်သည်အထိ   အနာဂတ် အတွက်            အရေးကြီးသည့် အသက်မွေးဝမ်းကျောင်း     ပညာ များ တတ်မြောက်အောင် ကြိုးစား လေ့လာသင်ယူကြရန်နှင့်  မိမိတို့ ၏   မိသားစုနှင့်နိုင်ငံကို   အကျိုး ကျေးဇူးပြုကြရန် မှာကြားသည်။

 


 ဆွေးနွေး


ထို့နောက်   ပြည်ထောင်စု ဝန်ကြီးနှင့်အဖွဲ့သည်  မွန်ပြည်နယ် အစိုးရအဖွဲ့ရုံး၌     ပြည်နယ်  ဝန်ကြီးချုပ်  ဦးဇော်လင်းထွန်းနှင့် တွေ့ဆုံကာ  မွန်ပြည်နယ်အတွင်း သမဝါယမလုပ်ငန်းများ၊ အသေး စား စက်မှုလက်မှုလုပ်ငန်းများနှင့် ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက် ရေးလုပ်ငန်းများကို  ဆွေးနွေးကြ ကြောင်း သိရသည်။  

 

သတင်းစဉ်