ကချင်ပြည်နယ်၌ လယ်ယာမြေ ပုံစံ-၇ များ စိစစ်ထုတ်ပေးလျက်ရှိ

 

မြစ်ကြီးနား   ဇွန်  ၂၄


ကချင်ပြည်နယ်အတွင်းရှိ လယ်ယာ မြေများကို နိုင်ငံတော်နှင့် ပြည်သူ များ၏  အကျိုးစီးပွားကို  ဦးတည် ရည်ရွယ်၍   ဥပဒေ၊    လုပ်ထုံး လုပ်နည်းများနှင့်အညီ  လုပ်ကိုင် ဆောင်ရွက်ကြရန်လိုကြောင်း  ဇွန် ၂၂  ရက်က ပြည်နယ်အစိုးရအဖွဲ့ရုံး    မလိခခန်းမ၌       ပြုလုပ်သည့်  ပြည်နယ် လယ်ယာမြေစီမံခန့်ခွဲမှု အဖွဲ့၏  လုပ်ငန်းညှိနှိုင်း  အစည်း အဝေး  (၁/၂၀၂၂)  တွင်  ပြည်နယ် ဝန်ကြီးချုပ်     ဦးခက်ထိန်နန်က ပြောကြားသည်။

 


အစည်းအဝေးတွင် ပြည်နယ် ဝန်ကြီးချုပ်က မိမိတို့နိုင်ငံနှင့် မိမိ တို့     ပြည်နယ်၏      အသက် သွေးကြောဖြစ်သည့်   လယ်ယာ မြေစီမံခန့်ခွဲမှုသည် အရေးပါသည့် အခန်းကဏ္ဍတစ်ခု     ဖြစ်ကြောင်း၊ ပြည်နယ်အနေဖြင့်   စိုက်ပျိုးရေး ကဏ္ဍ    တိုးချဲ့စိုက်ပျိုးရန်အတွက် မြေလွတ် မြေရိုင်းများသည်လည်း ဧကသန်းပေါင်းများစွာ ကျန်ရှိနေ ကြောင်း၊         မိမိတို့အနေဖြင့် စိုက်ပျိုးရေးအတွက် လယ်ယာမြေ လုပ်ကိုင်ခွင့်ပြုနိုင်ရေး   ပုံစံ - ၇ များကို စိစစ်ထုတ်ပေးနေသကဲ့သို့ နိုင်ငံတော်နှင့်       ဒေသအကျိုး အတွက် အခြားနည်းအသုံးပြုခွင့် များကိုလည်း      ဥပဒေနှင့်အညီ စိစစ်ပယ်ဖျက်   ဆောင်ရွက်ပေး ရသည့်    ကိစ္စရပ်များလည်း    ရှိ ကြောင်း၊    သို့ဖြစ်ပါ၍    ယနေ့ အစည်းအဝေးတွင် လယ်မြေများ ကို   ဥပဒေ၊    လုပ်ထုံးလုပ်နည်း၊ အမိန့်     ညွှန်ကြားချက်များနှင့် အညီ   လုပ်ကိုင်နိုင်ရေး   ဆွေးနွေး ဆောင်ရွက်သွားကြရန် လိုကြောင်း တိုက်တွန်းမှာကြားသည်။ 

 


ဆက်လက်၍     အဖွဲ့အတွင်း ရေးမှူး       ပြည်နယ်လယ်ယာမြေ စီမံခန့်ခွဲရေးနှင့်      စာရင်းအင်း ဦးစီးဌာနမှူး      ဦးသန်းမြင့်က လယ်မြေကို    အခြားနည်း   အသုံး ပြုခွင့်      လျှောက်ထားလာမှု၊ လယ်မြေမှတစ်ပါး  လယ်ယာမြေ ကို       အခြားနည်းအသုံးပြုခွင့် လျှောက်ထားလာမှုများနှင့် ပုံစံ-၇ ပျက်စီး/ ပျောက်ဆုံး လျှောက်ထား တင်ပြလာသည့်    လုပ်ငန်းစာတွဲ များကို  စိစစ်ရှင်းလင်းတင်ပြကာ အဖွဲ့က    သဘောထားမှတ်ချက် ပြု၍ ဗဟိုလယ်ယာမြေစီမံခန့်ခွဲမှု အဖွဲ့သို့   စိစစ်တင်ပြရန် ကိစ္စရပ် များနှင့်    ပြည်နယ်အစိုးရအဖွဲ့သို့ တင်ပြနိုင်ရန်      ဆုံးဖြတ်ချက် ချမှတ်ပေးရမည့်    ကိစ္စရပ်များ အပေါ် ဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံး လုပ်နည်း၊    အမိန့်ညွှန်ကြားချက် များနှင့်အညီဖြစ်စေရေး ဆွေးနွေး ဆောင်ရွက်ခဲ့သည်။

 


ကချင်ပြည်နယ်       အတွင်း အသားတင်စိုက်ပျိုးမြေ ဧက ခုနစ် သိန်းကျော်၊လှပ်မြေဧကတစ်သိန်း ကျော်၊  ကြိုးဝိုင်း/    ကြိုးပြင် ကာကွယ်တော မြေဧက ၇၄ သိန်း  ကျော်၊   တောရိုင်းမြေဧက   ၅၉  သိန်းကျော်၊ မြေရိုင်းဧက ၅၆ သိန်း ကျော်နှင့် အခြားမြေဧကသိန်း  ၂၀ ကျော်ရှိပြီး စုစုပေါင်းအသုံးချမှု ဧရိယာမှာ  ဧက  ၂၂ သိန်းကျော် ရှိကြောင်း အဆိုပါ အစည်းအဝေးမှ သိရသည်။
         

 ပြည်နယ်(ပြန်/ဆက်)