ပျဉ်းမနား ဇွန် ၂၄
နေပြည်တော်ကောင်စီဥက္ကဋ္ဌဖလား မြို့နယ်ပေါင်းစုံ အမျိုးသားဘောလုံးပြိုင်ပွဲကို ပျဉ်းမနားမြို့ ပေါင်းလောင်း အားကစားကွင်း၌ ဇွန် ၁၄ ရက်မှ စတင်ယှဉ်ပြိုင်ကစားခဲ့ကြရာ နေပြည်တော်အတွင်းရှိ မြို့နယ်များမှ ပြိုင်ပွဲဝင်အသင်းများ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြပြီး ဇွန် ၂၃ ရက် ညနေပိုင်းတွင် ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲကို ကျင်းပရာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဒေါက်တာမောင်မောင်နိုင်၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးလှိုင်၊ နေပြည်တော်ကောင်စီအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ တက်ရောက် ကြည့်ရှုအားပေးကြသည်။
ဗိုလ်လုပွဲတွင် ပျဉ်းမနား မြို့နယ်အသင်းနှင့် လယ်ဝေး မြို့နယ်အသင်းတို့ ယှဉ်ပြိုင်ကစား ကြရာ ပျဉ်းမနားမြို့နယ်အသင်း က နှစ်ဂိုး-တစ်ဂိုးဖြင့် အနိုင်ရဗိုလ်စွဲ ခဲ့ပြီး ဆုချီးမြှင့်ပွဲအခမ်းအနားကို ကျင်းပရာ ပွဲစဉ်တစ်လျှောက် အကောင်းဆုံးအားကစားသမား ဆုများကို တက်ရောက်လာကြ သည့် ဌာနဆိုင်ရာတာဝန်ရှိသူ များက ပေးအပ်ချီးမြှင့်ရာ ဆုရရှိ သူများက လက်ခံရယူကြသည်။
ထို့နောက် တတိယဆု ရရှိ သည့် ဥတ္တရသီရိမြို့နယ်အသင်း အား နေပြည်တော်ကောင်စီ အဖွဲ့ဝင် ဦးဇေယျာလင်းက လည်း ကောင်း၊ ဒုတိယဆု ရရှိသည့် လယ်ဝေးမြို့နယ် အသင်းအား နေပြည်တော်ကောင်စီ အဖွဲ့ဝင် ဦးမြင့်စိုးက လည်းကောင်း၊ ပထမ ဆုရရှိသည့် ပျဉ်းမနားမြို့နယ် အသင်းအား အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဦးမျိုးလှိုင်ကလည်း ကောင်း တစ်ဦးချင်းဆုတံဆိပ်များ နှင့် ငွေသားဆုများ အသီးသီး ပေးအပ်ချီးမြှင့်ကြသည်။
ဆက်လက်ပြီး နေပြည်တော် ကောင်စီဥက္ကဋ္ဌ ဒေါက်တာ မောင်မောင်နိုင်က ပထမဆုရရှိ သည့် ပျဉ်းမနားမြို့နယ် အသင်း အား တံခွန်စိုက်ဆုဖလားနှင့် ပထမငွေသားဆု ကျပ် ၁၀ သိန်း ကို ပေးအပ်သည်။
ဇော်ဖြိုး (ပြန်/ဆက်)



