နေပြည်တော် ဇွန် ၂၄
နိုင်ငံခြားရေးဝန်ကြီးဌာနနှင့် အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက် ရေးဝန်ကြီးဌာနတို့၏ ၂၀၂၂ ခုနှစ် မိုးရာသီသစ်ပင် စိုက်ပျိုးပွဲကို ယနေ့ နံနက် ၈ နာရီ တွင် နိုင်ငံခြားရေးဝန်ကြီးဌာန ရုံးအမှတ် (၉) သုံးထပ် ဆောင်အနောက်ဘက်နှင့် ငလိုက်ချောင်းဘေးမြေကွက်လပ်၌ ကျင်းပသည်။
သစ်ပင်စိုက်ပျိုးပွဲသို့ နိုင်ငံခြား ရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးဝဏ္ဏမောင်လွင်၊ အပြည်ပြည်ဆိုင်ရာ ပူးပေါင်း ဆောင်ရွက်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင်၊ နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယ ဝန်ကြီး၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ အရာ ထမ်း၊ အမှုထမ်းများက ၂၀၂၂ ခုနှစ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲ အထိမ်း အမှတ်အဖြစ် သတ်မှတ်နေရာ အသီးသီးတွင် ရတနာကျွန်းပင် ၃၈၂ ပင်၊ အုန်းချိုမွှေး အပင် ၁၂၀၊ စိန်တလုံးသရက် အပင် ၅၀ စုစုပေါင်းအပင် ၅၅၂ ပင်ကို စိုက်ပျိုးခဲ့ကြသည်။
ဆက်လက်၍ ပြည်ထောင်စု ဝန်ကြီးများ၊ ဒုတိယဝန်ကြီး၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြား ရေးမှူးချုပ်များက ဝန်ထမ်းများ သစ်ပင်ပျိုးပင် စိုက်ပျိုးနေမှုကို လှည့်လည်ကြည့်ရှုအားပေးခဲ့ကြသည်။
သတင်းစဉ်



