နေပြည်တော် ဇွန် ၂၃
အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ၊ ဒုတိယဝန်ကြီး ဦးမျိုးလှိုင်နှင့် တာဝန်ရှိသူများသည် ယနေ့နံနက် ၇ နာရီတွင် အိုလံပစ်နေ့အထိမ်းအမှတ် ပြေးခုန်ပစ် အားကစားပြိုင်ပွဲများဖြစ်သော အမျိုးသား အမျိုးသမီး မီတာ ၁၀၀ ၊ မီတာ ၈၀၀ ၊ အလျားခုန်၊ သံလုံးပစ်၊ လက်ဆင့်ကမ်းမီတာ (၁၀၀x၄) နှင့် အမျိုးသား အမျိုး သမီး (Mix) လက်ဆင့်ကမ်းမီတာ (၁၀၀x၄) ပြိုင်ပွဲ များတွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြသည့် နေပြည်တော် လူငယ်အားကစားလေ့ကျင့်ရေးစခန်း (Youth Camp) မှ အားကစားသမားများ၏ ယှဉ်ပြိုင်ကစားနေမှုကို ကြည့်ရှုအားပေးကြသည်။
ဆက်လက်၍ ဆုချီးမြှင့်ခြင်းအခမ်းအနားကို ကျင်းပရာ ပြေးခုန်ပစ်အမျိုးသမီး မီတာ ၁၀၀ ပြိုင်ပွဲ၊ အမျိုးသားမီတာ ၁၀၀ ပြိုင်ပွဲ၊ အမျိုးသမီး မီတာ ၈၀၀ ပြိုင်ပွဲ၊ အမျိုးသားမီတာ ၈၀၀ ပြိုင်ပွဲ၊ အမျိုးသမီး (အလျားခုန်)ပြိုင်ပွဲ၊ အမျိုးသား (အလျားခုန်)ပြိုင်ပွဲ၊ အမျိုးသမီး (သံလုံးပစ်) ပြိုင်ပွဲ၊ အမျိုးသား( သံလုံးပစ်) ပြိုင်ပွဲ၊ အမျိုးသမီး (လက်ဆင့် ကမ်း မီတာ ၁၀၀x၄) ပြိုင်ပွဲများတွင် ဆုရရှိသော အားကစားသမားများကို တာဝန်ရှိသူများကလည်း ကောင်း၊ အမျိုးသား (လက်ဆင့်ကမ်း မီတာ ၁၀၀x၄) ပြိုင်ပွဲတွင် ဆုရရှိခဲ့ကြသည့် အားကစားသမားများကို ဒုတိယဝန်ကြီးက လည်းကောင်း၊ အမျိုးသား အမျိုးသမီး (Mix) (လက်ဆင့်ကမ်း မီတာ ၁၀၀x၄) ပြိုင်ပွဲတွင် ဆုရရှိခဲ့ကြသည့် အားကစားသမားများကို ပြည်ထောင်စုဝန်ကြီးကလည်းကောင်း ငွေသားဆု များ ပေးအပ်ချီးမြှင့်ကြသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် မွန်းလွဲ ၁ နာရီတွင် ဝဏ္ဏသိဒ္ဓိ အားကစားရုံ(A)၌ ဆက်လက်ကျင်းပလျက်ရှိသည့် အိုလံပစ်နေ့အထိမ်း အမှတ် တိုက်ကွမ်ဒိုအားကစားပြိုင်ပွဲနှင့် ဂျူဒို အားကစားပြိုင်ပွဲများ ယှဉ်ပြိုင်ကစားနေမှုများကို ကြည့်ရှုအားပေးသည်။
ယင်းနောက် ဆုပေးပွဲ အခမ်းအနားကို ဆက်လက်ကျင်းပရာ တိုက်ကွမ်ဒိုအားကစားပြိုင်ပွဲ များဖြစ်သော အမျိုးသမီး ၄၅ ဒသမ ၅၃ ကီလို တန်းပြိုင်ပွဲ၊ အမျိုးသမီး ၅၃ ဒသမ ၅၇ ကီလိုတန်း ပြိုင်ပွဲ၊ အမျိုးသမီး ၅၇ ဒသမ ၆၂ ကီလိုတန်းပြိုင်ပွဲ၊ အမျိုးသား ၆၃ ဒသမ ၆၈ ကီလိုတန်းပြိုင်ပွဲ၊ အမျိုး သမီးတစ်ဦးချင်း (ကကွက်) ပြိုင်ပွဲ၊ ဂျူဒိုအားကစားပြိုင်ပွဲများဖြစ်သော အမျိုးသမီး (-၅၂) ကီလိုတန်း ပြိုင်ပွဲ၊ အမျိုးသမီး (-၅၇) ကီလိုတန်းပတ်လည်ပြိုင်ပွဲ နှင့် အမျိုးသမီး (-၆၃) ကီလိုတန်းပြိုင်ပွဲတွင် ဆုရရှိ ခဲ့ကြသည့် အားကစားသမားများကို တာဝန်ရှိသူ များကလည်းကောင်း၊ အမျိုးသမီး (-၇၀) ကီလိုတန်း ပြိုင်ပွဲနှင့် အမျိုးသား (-၆၆) ကီလိုတန်းပြိုင်ပွဲတွင် ဆုရရှိခဲ့ကြသည့် အားကစားသမားများကို ဒုတိယ ဝန်ကြီး ဦးမျိုးလှိုင်က လည်းကောင်း၊ အမျိုးသား (-၇၃) ကီလိုတန်းပြိုင်ပွဲနှင့် အမျိုးသား (-၉၀) ကီလို တန်းပြိုင်ပွဲတွင် ဆုရရှိခဲ့ကြသည့် အားကစားသမား များကို ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံက လည်းကောင်း ငွေသားဆုများ ပေးအပ်ချီးမြှင့်ခဲ့ ကြောင်း သိရသည်။
သတင်းစဉ်



