ပဲခူး ဇွန် ၂၃
စိုက်ပျိုးရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက် အောင် ဆောင်ရွက်ရာတွင် စက်မှု လယ်ယာ ကူးပြောင်းရေးသည် မဖြစ်မနေ ဆောင်ရွက်ရသည့် လုပ်ငန်းတစ်ခု ဖြစ်ကြောင်း၊ တောင်သူ လယ်သမားများ လယ်ယာသုံးစက်ကိရိယာ ပိုမို တွင်ကျယ်စွာ အသုံးပြုနိုင်စေရေး အတွက် လက်တွန်းထွန်စက်၊ ထွန်စက်ကြီးနှင့် ရိတ်သိမ်းခြွေလှေ့ စက်များကို လက်ငင်းစနစ်၊ အရစ်ကျစနစ်များဖြင့် ရောင်းချပေး လျက်ရှိကြောင်း ပဲခူးတိုင်းဒေသ ကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက ပြောကြားသည်။
ဇွန် ၂၂ ရက် နံနက်ပိုင်းက ပဲခူးမြို့နယ် ဘုရားကြီးမြို့ စက်မှု လယ်ယာ သင်တန်းကျောင်း၌ ကျင်းပသော လယ်ယာသုံးစက် ကိရိယာ မောင်းနှင်ထိန်းသိမ်းမှု (အထူး)သင်တန်း ဖွင့်လှစ်ပွဲတွင် ထိုသို့ ပြောကြားခြင်းဖြစ်သည်။
ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်က တိုင်းဒေသကြီး အစိုးရအဖွဲ့အစီအစဉ်ဖြင့် စနစ်ကျ လယ်ယာမြေ ဖော်ထုတ်ခြင်း လုပ်ငန်းကို ဆောင်ရွက်ပေးလျက် ရှိသည့်အတွက် ကျေးရွာများတွင် လယ်ယာမြေ ဖော်ထုတ်လိုပါက သက်ဆိုင်ရာ ထွန်စက်စခန်းများ နှင့် ချိတ်ဆက်ဆောင်ရွက်နိုင် ကြောင်း ပြောကြားပြီး သင်တန်း တွင် လက်တွေ့သင်ကြားပေးမည့် လယ်ယာသုံး စက်ကိရိယာများကို ကြည့်ရှုစစ်ဆေးသည်။
အဆိုပါ လယ်ယာသုံး စက်ကိရိယာ မောင်းနှင်ထိန်းသိမ်း မှု(အထူး) သင်တန်းကို ရှစ်ပတ် ကြာ စာတွေ့လက်တွေ့ သင်ကြား သွားမည်ဖြစ်ပြီး သင်တန်းသို့ ကရင်ပြည်နယ်မှ နှစ်ဦး၊ ပဲခူးတိုင်း ဒေသကြီးမှ ၁၂ ဦး၊ ရန်ကုန်တိုင်း ဒေသကြီးမှ နှစ်ဦး၊ ဧရာဝတီတိုင်း ဒေသကြီးမှ ၃၈ ဦး စုစုပေါင်း တောင်သူ ၅၄ ဦး တက်ရောက် သင်ကြားလျက်ရှိကြောင်း သိရသည်။
ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်သည် ပဲခူးမြို့ရှိ ခြောက်ထပ် ဆေးရုံဝင်းအတွင်း မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲတော်သို့ တက်ရောက်၍ ကံ့ကော်ပင်၊ ငုရွှေဝါနှင့် ပိတောက်စသည့် အရိပ်ရပင်များကို ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များနှင့်အတူ စိုက်ပျိုးပေးပြီး ခြောက်ထပ်ဆေးရုံ ၉၀ ရာခိုင်နှုန်း တည်ဆောက်ပြီးစီး နေမှုကို ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများကို လိုအပ်သည်များ မှာကြားခဲ့ကြောင်း သိရသည်။
သတင်းစဉ်



