နေပြည်တော် ဇွန် ၂၃
မြန်မာနိုင်ငံတော် ဗဟိုဘဏ် ဘာသာရပ်ဆိုင်ရာ စာတမ်းဖတ်ပွဲ ကို ယနေ့မွန်းလွဲ ၃ နာရီတွင် နေပြည်တော်ရှိ မြန်မာနိုင်ငံတော် ဗဟိုဘဏ် Assembly Hall ၌ ကျင်းပသည်။
စာတမ်းဖတ်ပွဲသို့ မြန်မာနိုင်ငံ တော်ဗဟိုဘဏ်ဥက္ကဋ္ဌ ဦးသန်းညိန်း၊ ဒုတိယဥက္ကဋ္ဌများ ဖြစ်ကြသော ဦးဝင်းသော်နှင့် ဒေါ်သန်းသန်းဆွေ၊ ညွှန်ကြားရေးမှူးချုပ်များနှင့်အတူ အရာထမ်း/ အမှုထမ်းများ တက်ရောက်ကြသည်။
စာတမ်းဖတ်ပွဲတွင် မြန်မာ နိုင်ငံတော်ဗဟိုဘဏ် ဥက္ကဋ္ဌက မြန်မာနိုင်ငံတော် ဗဟိုဘဏ်သည် ငွေရေးကြေးရေးကဏ္ဍ တိုးတက် ရေးအမြင်ဖြင့် ခေတ်မီနည်းပညာ အခြေခံသော ထိရောက်လုံခြုံမှုရှိ သည့် ဘဏ်လုပ်ငန်းစနစ် ဖွံ့ဖြိုး တိုးတက်စေရေးအတွက် ဆောင် ရွက်လျက်ရှိပါကြောင်း၊ ငွေကြေး ခဝါချမှုနှင့် အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှု တိုက်ဖျက် ရေး လုပ်ငန်းများအား အမျိုးသား ရေး တာဝန်တစ်ရပ်အနေဖြင့် ထိရောက်စွာ ပါဝင်ဆောင်ရွက် လျက်ရှိကြောင်းကို အသိပေး ပြောကြားလိုကြောင်း၊ မြန်မာနိုင်ငံ တော်ဗဟိုဘဏ်တွင် သင်တန်း များ စဉ်ဆက်မပြတ်ဖွင့်လှစ်ပေး ခြင်းမှာ လုပ်ငန်းတာဝန်များကိုအချိန်နှင့်တစ်ပြေးညီ ထိရောက် အောင်မြင်စွာ ဆောင်ရွက်နိုင်ရန် စွမ်းဆောင်ရည်တည်ဆောက်ပေးခြင်းဖြစ်ကြောင်း၊ မြန်မာနိုင်ငံ တော် ဗဟိုဘဏ်ဝန်ထမ်းများ၏ လက်တွေ့လုပ်ငန်းများနှင့် လေ့လာ ဆည်းပူးခဲ့သည့် ပညာရပ်များ ပေါင်းစပ်၍ မိမိတို့၏အရည် အသွေးများ တိုးတက်မြင့်မား စေရန် ဆက်လက်ကြိုးပမ်း အားထုတ်သွားရန် ဖြစ်ကြောင်း ပြောကြားသည်။
ဆက်လက်၍ Asset Classification and Provisioning from Prudential and IFRS Perspectives စာတမ်းနှင့် စပ်လျဉ်း၍ ဒေါ်အေးမြတ်မွန် (လက်ထောက်ညွှန်ကြားရေးမှူး)နှင့် ဒေါ်သင်းသီတာဆွေ (လက်ထောက်ညွှန်ကြားရေးမှူး) တို့ကလည်းကောင်း၊ ငွေကြေး ခဝါချမှုနှင့် အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှု တိုက်ဖျက် ရေးဆိုင်ရာ ကြီးကြပ်စစ်ဆေးခြင်း စာတမ်းနှင့်စပ်လျဉ်း၍ ဒေါ်အေး ကြူမြင့် (လက်ထောက်ညွှန်ကြား ရေးမှူး)ကလည်းကောင်း ရှင်းလင်း တင်ပြကြရာ ဥက္ကဋ္ဌ၊ ဒုတိယ ဥက္ကဋ္ဌများနှင့် အရာထမ်းများ က အကြံပြုဆွေးနွေးခဲ့ကြသည်။
သတင်းစဉ်



