ပြည်ခရိုင် ပြည်သူ့စာကြည့်တိုက်အတွက် ဂျပန်နိုင်ငံ ရှန်တီ‌စေတနာ့ဝန်ထမ်းအဖွဲ့မှ စာအုပ်များလှူဒါန်း

 

ပြည်   ဇွန်   ၂၃


ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန  ပြည်ခရိုင်ရုံး ပြည်သူ့ စာကြည့်တိုက်  ကလေးစာဖတ်ခန်းအတွက်   ယမန်နေ့နံနက် ၁၀ နာရီက ဂျပန်နိုင်ငံ     ရှန်တီစေတနာ့ဝန်ထမ်းအဖွဲ့     (Shanti Volunteer Association-SVA)မှ စာအုပ်များ လာရောက်လှူဒါန်းသည်။

 


စာအုပ်များလှူဒါန်းရာတွင် ရှန်တီစေတနာ့ဝန်ထမ်းအဖွဲ့ (SVA)မှ ဦးသော်တာစိုးနှင့်အဖွဲ့က     ဂျပန်နိုင်ငံမှ  မှတ်ပုံတင်ထုတ်ဝေထားသည့် (မြန်မာဘာသာပြန်) ကလေးဖတ် ရုပ်ပြပုံပြင်စာအုပ် ၁၂ မျိုးပါ အုပ် ၆၀ နှင့် စက္ကူပြဇာတ်(တစ်စုံ) တို့ကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ပြည်ခရိုင်ရုံး ပြည်သူ့စာကြည့်တိုက်ခန်းမ၌  ခရိုင်ပြန်/ဆက် ဦးစီးမှူး လက်ထောက်ညွှန်ကြားရေးမှူး  ဒေါ်ခင်ရွှေဝါဖူးနှင့် ဦးစီးအရာရှိ ဦးအောင်ကိုသန့်တို့ထံ  ပေးအပ်လှူဒါန်းရာ   လှူဒါန်းမှုအတွက်   ခရိုင် ပြန်/ဆက်ဦးစီးမှူးက ကျေးဇူးတင်စကားပြန်လည်ပြောကြားသည်။

 


ရှန်တီစေတနာ့ဝန်ထမ်းအဖွဲ့(SVA)မှ   ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန   ပြည်ခရိုင်အတွင်း    မြို့နယ်များဖြစ်သော ပန်းတောင်း၊ ပေါက်ခေါင်း၊ ပေါင်းတည်၊ ရွှေတောင်နှင့် သဲကုန်းမြို့နယ်ရုံး ကလေးစာဖတ်ခန်းများအတွက်လည်း  စာအုပ်များ  ပေးအပ်လှူဒါန်းကြောင်း သိရသည်။                               

ကိုဆက်(ပြန်/ဆက်)