နေပြည်တော် ဇွန် ၂၃
ပြည်ထောင်စုနယ်မြေ နေပြည်တော် စိမ်းလန်းစိုပြည်ရေးနှင့် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေးတို့ အတွက် နေပြည်တော်စည်ပင် သာယာရေးကော်မတီ၏ ၂၀၂၂ ခုနှစ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲ ကို ယနေ့နံနက်ပိုင်းက ဒက္ခိဏ သီရိမြို့နယ် မြစ်မခလမ်း သံတမန်ဇုန်အတွင်း မြေနေရာ၌ ကျင်းပသည်။
ရှေးဦးစွာ နေပြည်တော် ကောင်စီဥက္ကဋ္ဌ နေပြည်တော် စည်ပင်သာယာရေး ကော်မတီ ဥက္ကဋ္ဌ မြို့တော်ဝန် ဒေါက်တာ မောင်မောင်နိုင်က ၂၀၂၂ ခုနှစ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲ အထိမ်း အမှတ်အဖြစ် ခရေပင်ကို စတင် စိုက်ပျိုးပေးပြီး ဒုတိယမြို့တော် ဝန် ဦးမောင်မောင်၊ အမြဲတမ်း အတွင်းဝန်နှင့် ဌာနကြီးမှူးများက သတ်မှတ်အပင်များကို စိုက်ပျိုး ကြသည်။
ထို့နောက် ဌာနမှူးများ၊ ဒုတိယဌာနမှူးများနှင့် အရာထမ်း၊ အမှုထမ်းများက ခရေ၊ စိန်ပန်း၊ ငုရွှေဝါနှင့် ရေပျဉ်းမ အပင် ၂၀၀ ကို သတ်မှတ်နေရာများအလိုက် စိုက်ပျိုးကြရာ မြို့တော်ဝန်နှင့် ဒုတိယမြို့တော်ဝန်တို့က အရာ ထမ်း၊ အမှုထမ်းများ စုပေါင်း သစ်ပင်စိုက်ပျိုးနေမှုများကို လှည့် လည် အားပေးကြည့်ရှုခဲ့ကြောင်း သိရသည်။
သတင်းစဉ်



