မန္တလေး ဇွန် ၂၂
ရတနာပုံတက္ကသိုလ် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ဘာသာရပ်ပေါင်းစုံ (အမျိုးသား၊ အမျိုးသမီး) ဘောလုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ဇွန် ၂၁ ရက် မွန်းလွဲ ၂ နာရီက အဆိုပါတက္ကသိုလ်ရှိ ဘောလုံးအားကစား ပြိုင်ကွင်း၌ ကျင်းပရာ ပါမောက္ခချုပ် ဒေါက်တာတင့်မိုးသူဇာ၊ ဒုတိယ ပါမောက္ခချုပ်များ၊ ဆရာ ဆရာမများ၊ ကျောင်းသား ကျောင်းသူများ တက်ရောက်ကြသည်။
အခမ်းအနားတွင် ပါမောက္ခချုပ်က အမှာစကားပြောကြားပြီး ဘာသာရပ်ပေါင်းစုံ ဘောလုံးအားကစားပြိုင်ပွဲကို ဖွင့်လှစ်ပေးသည်။ ပထမနေ့ အမျိုးသားပွဲစဉ်တွင် ရူပဗေဒအသင်းက ရုက္ခဗေဒအသင်း အား နှစ်ဂိုး-ဂိုးမရှိဖြင့်လည်းကောင်း၊ ဓာတုဗေဒအသင်းက ပထဝီဝင် အသင်းအား သုံးဂိုး- တစ်ဂိုးဖြင့်လည်းကောင်း၊ အမျိုးသမီးပွဲစဉ်တွင် အားကစားပညာအသင်းက ညွန့်ပေါင်းအသင်းအား ခြောက်ဂိုး - တစ်ဂိုး ဖြင့်လည်းကောင်း အသီးသီးအနိုင်ရရှိခဲ့ကြောင်းနှင့် ပြိုင်ပွဲများကို ဇွန် ၂၁ ရက်မှ ဇူလိုင် ၄ ရက်အထိ ကျင်းပသွားမည်ဖြစ်ပြီး အမျိုးသားအသင်း ၁၀ သင်းနှင့် အမျိုးသမီးအသင်း လေးသင်း ပါဝင်ယှဉ်ပြိုင်ကစားမည် ဖြစ်ကြောင်း သိရသည်။
တင်မောင်(မန္တလေး)



