ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်း စာဆိုဗိမာန်မြေနေရာနှင့် စာပေဗိမာန်စာအုပ်အရောင်းဆိုင်ကြည့်ရှုပြီး Dance Jam ရိုက်ကူးနေမှုကြည့်ရှုအားပေး

 

ရန်ကုန်    ဇွန်   ၂၂


ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းသည် ယနေ့ မွန်းလွဲပိုင်းတွင်    စာဆိုဗိမာန်တည်ဆောက်မည့်မြေနေရာနှင့် စာပေဗိမာန်စာအုပ်အရောင်းဆိုင်တို့ကို   ကြည့်ရှုပြီး မြန်မာ့အသံနှင့် ရုပ်မြင်သံကြားတွင် ရိုက်ကူးနေသည့်  Dance Jam အစီအစဉ်ရိုက်ကူးနေမှုကို  ကြည့်ရှုအားပေးသည်။

 


ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးသည် ရန်ကုန်မြို့ မင်္ဂလာတောင်ညွန့် မြို့နယ်  ဗိုလ်မင်းခေါင်လမ်းတွင် ဆောက်လုပ်မည့် စာဆိုဗိမာန်အဆောက် အအုံမြေနေရာကို   ကြည့်ရှုပြီး  စာပေပညာရှင်များ၏ အကြံပြုချက်များပါဝင်သည့် အဆောက်အအုံပုံစံ   ရေးဆွဲတင်ပြနိုင်ရေး   ဆွေးနွေး မှာကြားသည်။

 


ထို့နောက်  ကုန်သည်လမ်းနှင့် ၃၇ လမ်းထောင့်ရှိ စာပေဗိမာန် စာအုပ်အရောင်းဆိုင်ကို ရောက်ရှိပြီး  စာအုပ်စာစောင်များ ခင်းကျင်း ရောင်းချမှုကို    ကြည့်ရှုစစ်ဆေးကာ   ပုံမှန်ရောင်းချနေမှုများအပြင် လူငယ်များ   စိတ်ဝင်စားစွာ    ဝင်ထွက်ကြည့်ရှု ဝယ်ယူနိုင်စေရေး နည်းလမ်းရှာဖွေဆောင်ရွက်ရန် မှာကြားသည်။

 


ညနေပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည်   ရန်ကုန်မြို့ ပြည်လမ်းရှိ မြန်မာ့အသံနှင့် ရုပ်မြင်သံကြားသို့ ရောက်ရှိပြီး ရုပ်ရှင်၊ သဘင်၊ ဂီတ အနုပညာရှင်များ၊ ပုဂ္ဂလိကရုပ်သံကုမ္ပဏီများမှ တာဝန်ရှိသူများနှင့် ရင်းရင်းနှီးနှီးတွေ့ဆုံကာ  အနုပညာလုပ်ငန်းများ   အရှိန်အဟုန်ဖြင့် လုပ်ကိုင်လာနိုင်စေရေး ဆွေးနွေးပြောကြားသည်။

 


ထို့နောက် မြန်မာ့အသံနှင့် ရုပ်မြင်သံကြား စတူဒီယို- A တွင် လူငယ် များ ပါဝင်ရိုက်ကူး ဆောင်ရွက်နေသည့်  Dance Jam အကအစီအစဉ်ကို  ကြည့်ရှုအားပေးသည်။

 


မြန်မာ့အသံနှင့် ရုပ်မြင်သံကြားအနေဖြင့် ပြည်သူများ အပန်းပြေ စေရန်နှင့် စိတ်ခွန်အားသစ်များရရှိနိုင်ရန်အတွက် အပတ်စဉ် သောကြာ နေ့   ညများတွင် Firday Night Live Show  အစီအစဉ်များဖြင့်လည်းကောင်း၊ အပတ်စဉ် စနေနေ့ညများတွင် အငြိမ့်နှင့် (၃၈)ဖြာ မင်္ဂလာဇာတ်သဘင် အစီအစဉ်များဖြင့်လည်းကောင်း၊ အပတ်စဉ် တနင်္ဂနွေနေ့  ညများတွင် မြန်မာရုပ်ရှင်   ဇာတ်ကားများဖြင့်လည်းကောင်း  ဖျော်ဖြေတင်ဆက် လျက်ရှိရာမှ အပတ်စဉ် သောကြာနေ့ ညများတွင် လူငယ်များပါဝင်သည့် ဖျော်ဖြေရေးအစီအစဉ်များ ဆန်းသစ်ဆောင်ရွက်မှုအဖြစ် Music Gallery အစီအစဉ်ကို   တင်ဆက်ပြသခဲ့ပြီးနောက်   ယခုအခါ Dance Jam (Dancing   Show)   အကအစီအစဉ်ကို  တင်ဆက်ပြသနိုင်ရန်   စီစဉ် ဆောင်ရွက်နေခြင်းဖြစ်ကြောင်း သိရသည်။                    

 

သတင်းစဉ်