ပြည်ထောင်စုဝန်ကြီးဦးခင်ရီ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၌ လူဝင်မှုကြီးကြပ်ရေးလုပ်ငန်းများ ကြည့်ရှုစစ်ဆေး

 

နေပြည်တော်   ဇွန်   ၂၂ 


လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန    ပြည်ထောင်စုဝန်ကြီး   ဦးခင်ရီသည်   အမြဲတမ်း အတွင်းဝန်  ဦးအောင်ကျော်စိုး၊ တာဝန်ရှိသူများနှင့်အတူ  ယနေ့ နံနက်  ၈  နာရီတွင်   ရန်ကုန်အပြည်ပြည် ဆိုင်ရာလေဆိပ်သို့  ရောက်ရှိပြီး  Terminal-1   ရှိ Mingalar Sky CIP    ဧည့်ခန်းမ၌   ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်နှင့် ရန်ကုန်အပြည်ပြည်ဆိုင်ရာဆိပ်ကမ်းတို့မှ လူဝင်မှုကြီးကြပ်ရေးဆိုင်ရာ လုပ်ငန်းတာဝန်ခံများ အား  တွေ့ဆုံသည်။

 


ရှင်းလင်းတင်ပြ


တွေ့ဆုံစဉ်  လူဝင်မှုကြီးကြပ် ရေးဦးစီးဌာန    ဒုတိယဌာနခွဲ၊ ရန်ကုန်      အပြည်ပြည်ဆိုင်ရာ လေဆိပ်တာဝန်ခံက  နိုင်ငံတကာ လေကြောင်းလိုင်းများ ဝင်/ထွက် သွားလာမှု၊ ပြည်ပနိုင်ငံအသီးသီးမှ ခရီးသည်များ ဝင်ရောက်ထွက်ခွာ မှု၊     ပြည်ပခရီးသည်များအား လူဝင်မှုကြီးကြပ်ရေး  လုပ်ငန်းများ ဆောင်ရွက်ထားရှိမှုကို  လည်း ကောင်း၊   ရန်ကုန်အပြည်ပြည်  ဆိုင်ရာ   ဆိပ်ကမ်းတာဝန်ခံက သီလဝါ၊  ရန်ကုန်နှင့်  သန်လျင် ဆိပ်ကမ်းများ၌     နိုင်ငံတကာ သင်္ဘောများ ဝင်/ထွက်မှုကိုလည်း ကောင်း   ရှင်းလင်းတင်ပြကြရာ အမြဲတမ်းအတွင်းဝန်က ဖြည့်စွက် ရှင်းလင်းသည်။

 


သိရှိနားလည်ထား


ရှင်းလင်းတင်ပြချက်များနှင့်စပ်လျဉ်း၍      ပြည်ထောင်စု ဝန်ကြီးက  အပြည်ပြည်ဆိုင်ရာ လေဆိပ်နှင့်  ဆိပ်ကမ်းများတွင်တာဝန်ထမ်းဆောင်နေကြသည့် ပြည်တွင်း/ပြည်ပ ခရီးသွားများနှင့် ထိတွေ့ဆက်ဆံဆောင်ရွက်ရသူများဖြစ်သည့်နှင့်အညီ ဆက်ဆံ ရေး    ပြေပြစ်ကောင်းမွန်ရန်နှင့် ဘာသာစကား တတ်ကျွမ်းကြရန် လိုကြောင်း၊ လူဝင်မှုကြီးကြပ်ရေး ဆိုင်ရာလုပ်ငန်းများကို  ဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့်   အညီ ဆောင်ရွက်ကြရသော်လည်း နိုင်ငံ တကာဥပဒေများကိုလည်း  သိရှိ နားလည်ထားရန်   လိုကြောင်း၊ နိုင်ငံခြားသား     ထိန်းသိမ်းရေး ဆိုင်ရာ  စီမံခန့်ခွဲမှုအဆင်မြှင့်တင် ခြင်းလုပ်ငန်းများကို     ကြိုပမ်း ဖော်ဆောင်လျက်ရှိရာ ဝန်ထမ်း များအနေဖြင့်    နည်းပညာများ တတ်ကျွမ်းကြရန်လိုကြောင်း။

 


ဝန်ကြီးဌာန     အနေဖြင့် Online စနစ် eVisa လုပ်ငန်းနှင့် eVisa   (ကမ္ဘာလှည့်) တို့    ခွင့်ပြု ဆောင်ရွက်ပေးလျက်ရှိရာ   ခရီး သည်များ  ဝင်/ထွက်  သွားလာမှု များပြားလာပြီး လေဆိပ်/ ဆိပ် ကမ်းနှင့်နယ်စပ် ဝင်ထွက်ပေါက် များ၌      လူဝင်မှုစစ်ဆေးရေး လုပ်ငန်းများ  ထိရောက်လျင်မြန် စွာ    ဆောင်ရွက်ပေးကြရမည် ဖြစ်ကြောင်း ပြောကြားသည်။

 


ကြည့်ရှုစစ်ဆေး


ထို့နောက်    ပြည်ထောင်စု ဝန်ကြီးသည်      Terminal-1 ပြည်ပဆိုက်ရောက်၌       ပြည်ပ  လေကြောင်းလိုင်းဖြင့် ဝင်ရောက် လာကြသည့် ခရီးသည်များအားလူဝင်မှုကြီးကြပ်ရေး ကောင်တာ များ၌    လူဝင်မှုစစ်ဆေးရေး လုပ်ငန်းများ    ဆောင်ရွက်နေမှု၊ ကိုဗစ်-၁၉ ကျန်းမာရေးစစ်ဆေးမှု ဆိုင်ရာ    လုပ်ငန်းအဆင့်ဆင့် ဆောင်ရွက်နေမှုနှင့်     လူဝင်မှု ကြီးကြပ်ရေး   ကောင်တာများ၌ လူဝင်မှုစစ်ဆေးရေးလုပ်ငန်းများဆောင်ရွက်နေမှု၊ ပြည်ပနိုင်ငံများ သို့    ထွက်ခွာမည့်    ခရီးသည်များ အား      လူဝင်မှုကြီးကြပ်ရေး ကောင်တာများ၌ လူဝင်မှုကြီးကြပ် ရေး လုပ်ငန်းများ စစ်ဆေးဆောင် ရွက်နေမှု၊   Over Stay Counter နှင့် ဌာန၏ Server ခန်းအတွင်း ကြည့်ရှုစစ်ဆေးပြီး  တာဝန်ရှိသူ များအား      လိုအပ်သည်များ မှာကြားသည်။

 


ယင်းနောက်   ပြည်ထောင်စု ဝန်ကြီးသည်     ပြည်ပထွက်ခွာ ခရီးသည်များအား     လူဝင်မှု စစ်ဆေးရေး       လုပ်ငန်းများနှင့် ပတ်သက်၍      ဆောင်ရွက်ရ သည့်      လုပ်ငန်းအခြေအနေ များကို       ရင်းနှီးပွင့်လင်းစွာ မေးမြန်း    နှုတ်ဆက်ခဲ့ကြောင်း သိရသည်။ 


သတင်းစဉ်