မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် မိုးရာသီစုပေါင်းသစ်ပင်စိုက်ပျိုးပွဲ တက်ရောက်

 

ခရိုင် ခုနစ်ခရိုင်၊  မြို့နယ် ၂၈ မြို့နယ်တွင် စုပေါင်းစိုက်ပျိုး

မန္တလေး     ဇွန်    ၁၉


မန္တလေးတိုင်းဒေသကြီး  အတွင်း စိမ်းလန်းစိုပြည်    သာယာလာစေ ရန်        သဘာဝပတ်ဝန်းကျင်  ထိန်းသိမ်းရေးကို အထောက်အကူ ပြုစေရန်၊          ပြည်သူလူထုများ အကြား     သစ်ပင်စိုက်ပျိုးရေး အသိပညာ တိုးတက်ပျံ့နှံ့စေရန်၊ သစ်တောသစ်ပင်များကို    ချစ်ခင် တတ်လာစေရန်         ရည်ရွယ်၍  ခရိုင်/ မြို့နယ်များတွင်  ၂၀၂၂ ခုနှစ် မိုးရာသီစုပေါင်းသစ်ပင် စိုက်ပျိုးပွဲ များ ကျင်းပလျက်ရှိရာ  တိုင်းဒေသ ကြီးအတွင်း      ခရိုင် ခုနစ်ခရိုင်၊ မြို့နယ် ၂၈ မြို့နယ်တွင် တစ်ချိန် တည်း တစ်ပြိုင်တည်း   စုပေါင်း သစ်ပင်စိုက်ပျိုးပွဲများကို   ယမန်နေ့ နံနက်က ကျင်းပသည်။

 


ထိုကဲ့သို့     မြို့နယ်အလိုက် စုပေါင်းသစ်ပင်များ    စိုက်ပျိုးရာ တွင် အမရပူရမြို့နယ် ဆောက် တောဝကျေးရွာ   မိုင်တိုင်အမှတ် (၃/၄)  မြစ်ငယ်-ထုံးဘိုလမ်းတွင် မိုးရာသီစုပေါင်း  သစ်ပင်စိုက်ပျိုး ပွဲကို          ယမန်နေ့နံနက်ပိုင်းက ကျင်းပရာ  မန္တလေးတိုင်းဒေသကြီး   ဝန်ကြီးချုပ်          ဦးမောင်ကို၊ တိုင်းဒေသကြီး    ဝန်ကြီးများနှင့်    တာဝန်ရှိသူများ  တက်ရောက်ကြ ကာ       ပြည်သူများနှင့်အတူ သတ်မှတ်နေရာများတွင်  အရိပ်ရ ပင်များ      စိုက်ပျိုးပြီး   သစ်ပင်          စိုက်ပျိုးနေမှုများကို       လိုက်လံ ကြည့်ရှုအားပေးသည်။

 


အလားတူ     တိုင်းဒေသကြီး အတွင်း ခရိုင်ခုနစ်ခရိုင်၊ မြို့နယ် ၂၈        မြို့နယ်တို့တွင်လည်း သက်ဆိုင်ရာ  မြို့နယ်စီမံအုပ်ချုပ် ရေးအဖွဲ့၊ မြို့နယ် စည်ပင်သာယာ ရေးအဖွဲ့၊   သက်ဆိုင်ရာဌာနများ၊    လူမှုရေးအသင်းအဖွဲ့နှင့် ပြည်သူ လူထုများက     မြို့အဝင်၊  အထွက်    လမ်း ဝဲ/ယာ           သတ်မှတ်နေရာများ တွင် အရိပ်ရပင်များနှင့်   နှစ်ရှည် ပန်း အလှပင်များကို     တစ်ချိန် တည်း   တစ်ပြိုင်တည်း  စုပေါင်း စိုက်ပျိုးကြသည်။

 


တိုင်းဒေသကြီး   အတွင်းရှိ  မြို့နယ်များအားလုံး   စုပေါင်း သစ်ပင်စိုက်ပျိုးပွဲကို   အင်အား ၁၂၀၀၀  ခန့်ဖြင့်   စိန်ပန်း၊  တမာ၊  ငုရွှေဝါ၊   ချယ်ရီ၊   စိန်ပန်းပြာ၊ ပိတောက်၊  မယ်ဇယ်၊ တပြေဘူတ၊    ငုစပ်၊   ယင်းမာ၊ စိန်ပန်းကြီး၊   ယူကလစ်၊   ကုက္ကိုနှင့် စိန်တံချူ စသည့်  သစ်မျိုးပင်   စုစုပေါင်း ၆၅၁၀ ကို     စိုက်ပျိုးခဲ့ကြောင်းနှင့် စိုက်ပျိုးပြီး  အပင်များ  ရှင်သန်ရန်    ပြုစု    ထိန်းသိမ်းခြင်းများကို လည်း  ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။


သတင်းစဉ်