သတင်းကြေညာချက်

 

မြန်မာ့ရေနံနှင့်သဘာဝဓာတ်ငွေ့လုပ်ငန်း၏ ရေနံရှာဖွေတူးဖော် ရေးလုပ်ငန်းများတွင် အကျိုးတူပူးပေါင်းဆောင်ရွက်လျက်ရှိသော POSCO International Corporation (Myanmar E & P) ကုမ္ပဏီ သည်   ရွှေသဘာဝဓာတ်ငွေ့စီမံကိန်းတွင်     သဘာဝဓာတ်ငွေ့ ထုတ်လုပ်ရေးလုပ်ငန်းများကို ဆောင်ရွက်ရာတွင် အထောက်အကူ ပြုလုပ်ငန်းများ ဆောင်ရွက်ရန်အတွက် အသင့်စောင့်ဆိုင်းလျက် ရှိသော ရေယာဉ်များခေတ္တရပ်နားနိုင်ရန်အတွက်   (Temporary Remote  Mooring  Buoy)    ရွေ့လျားဗော်ယာ  ချထားမည့် တည်နေရာကိုဖော်ပြသည့် Coordinate များဖြစ်သော Mooring Buoy မြောက်လတ္တီတွဒ် ၁၉ ဒီဂရီ ၅၁ မိနစ် ၂၅.၇၆ စက္ကန့်၊ အရှေ့ လောင်ဂျီတွဒ် ၉၂ ဒီဂရီ ၂၇ မိနစ် ၂၉.၅၀ စက္ကန့် အတွင်းတွင် ၂၀၂၂ ခုနှစ်၊ ဇွန် ၁၆ ရက်မှ ဇူလိုင်   ၃၁ ရက်အထိ   ဆောင်ရွက်သွားမည် ဖြစ်ပါသည်။ 
သို့ဖြစ်ပါ၍ ရွှေသဘာဝဓာတ်ငွေ့စီမံကိန်းတွင် အထောက်အကူ ပြုလုပ်ငန်းများ ဆောင်ရွက်ရန်အတွက် အသင့်စောင့်ဆိုင်းလျက် ရှိသော ရေယာဉ်များ ခေတ္တရပ်နားနိုင်ရန်အတွက် (Temporary Remote Mooring Buoy)  ရွေ့လျားဗော်ယာချထားမည့် တည်နေရာ မှ (၄) ကီလိုမီတာပတ်လည်အတွင်းအား ရေကြောင်းသတိပေးချက် (Notice to Mariners) ထုတ်ပြန်ကြေညာထားပါ၍  သင်္ဘော ကြီးငယ်များ၊ ကုန်တင်စက်လှေများ၊ ငါးဖမ်းသင်္ဘောများ၊ စက်တပ် သမ္ဗန်များ   ဖြတ်သန်းသွားလာခြင်း၊ ကျောက်ချရပ်နားထားခြင်း၊ ငါးဖမ်းဆီးခြင်းနှင့် ငါးဖမ်းကိရိယာများ ချထားခြင်းမပြုလုပ်ကြ ရန် အသိပေးကြေညာအပ်ပါသည်။
ငါးလုပ်ငန်းဦးစီးဌာန