မတ္တရာမြို့ မြို့ဝင်မြို့ထွက် စိမ်းလန်းစိုပြည်သာယာလှပရေး သစ်ပင်စိုက်ပျိုး

 

မတ္တရာ  ဇွန်   ၁၈


မန္တလေးတိုင်းဒေသကြီး   ပြင်ဦး လွင်ခရိုင်      မတ္တရာမြို့နယ်၌   မြို့ဝင်မြို့ထွက်  စိမ်းလန်းစိုပြည် သာယာလှပရေး မိုးရာသီ လူထု လှုပ်ရှားမှု   သစ်ပင်စိုက်ပျိုးပွဲကို ယနေ့နံနက်  ၇  နာရီက  မတ္တရာ မြို့နယ် ဘိုးကုန်းကျေးရွာအနီး မန္တလေး  -  မိုးကုတ်ကားလမ်း ဘေးဝဲယာတွင်    သစ်ပင်စိုက်ပျိုးပွဲ ကျင်းပသည်။

 


ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ် ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်သူရသိန်း နှင့် အဖွဲ့ဝင်များ၊ မြို့နယ်သစ်တောဦးစီးဌာနဦးစီးအရာရှိ ဦးထက် အောင်-၁ တို့က    ပျိုးပင်များကို ပေးအပ်ရာ   ဌာနဆိုင်ရာများနှင့် လူမှုရေး   အသင်းအဖွဲ့များမှ လက်ခံရယူကြသည်။ 

 


ဆက်လက်၍   ပိတောက်နှင့် မည်စည်ပင် ၁၃ဝ တို့ကို  မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့    ဥက္ကဋ္ဌ ဦးအောင်သူရသိန်းနှင့် အဖွဲ့ဝင်များ၊ သစ်တောဦးစီးဌာန  ဦးစီးအရာရှိ ဦးထက်အောင်-၁၊ မြို့နယ်အဆင့် ဌာနဆိုင်ရာ   တာဝန်ရှိသူများနှင့် ဝန်ထမ်းများ၊   လူမှုရေးအသင်း အဖွဲ့များနှင့်     ပြည်သူများက စုပေါင်း    စိုက်ပျိုးကြပြီးနောက် မတ္တရာမြို့အဝင်၌   ပန်းအလှပင် များဖြစ်သည့် တပေဘူတ၊ စိန်ပန်း၊ မည်စည်နှင့် ငုစပ် စုစုပေါင်း ပင် ၂၅ဝ တို့အား စုပေါင်းစိုက်ပျိုးကြသည်။

 


ယင်းနောက်   မတ္တရာမြို့နယ် သစ်တောဦးစီးဌာနရှိ ပျိုးခြံများတွင် ပြည်သူများအား     ဖြန့်ဝေရန် အတွက်ပျိုးပင်ပေါင်း ၄၅ဝဝဝ စိုက်ပျိုးထားရှိပြီး စိုက်ပျိုးလိုသော ပြည်သူများအနေဖြင့်    အခမဲ့ လာရောက်ယူဆောင်နိုင်ကြောင်း မြို့နယ်သစ်တောဦးစီးဌာနမှ သိရသည်။  

စိုးကျော်သူထွေး(မတ္တရာ)