ပညာသင်ကြားလိုသူများအဆက်မပြတ်စေရေးနှင့် သက်မွေးပညာရပ်များ လူတိုင်းသင်ယူခွင့်ရစေရန်အတွက် ကျောင်းအပ်လက်ခံရက်တိုးမြှင့်

 

ဟိုပုံး    ဇွန်   ၁၈


ရှမ်းပြည်နယ်တောင်ပိုင်း တောင်ကြီးမြို့ အစိုးရနည်းပညာအထက် တန်းကျောင်း(ပင်းပက်)တွင် သက်မွေးပညာရပ်အား စိတ်ဝင်စားသော ကျောင်းသား ကျောင်းသူများနှင့် မိမိသားသမီးများအား အင်ဂျင်နီယာဖြစ်စေချင်သူများအနေဖြင့် ကျောင်းအပ်လက်ခံရက်ကို ဇူလိုင် ၁ ရက် နေ့အထိ တိုးမြှင့်ထားကြောင်း သိရသည်။

 


အစိုးရနည်းပညာအထက်တန်းကျောင်းတွင် တက်ရောက်လိုသည့် ကျောင်းသား ကျောင်းသူများအနေဖြင့် အဋ္ဌမတန်းအောင်မြင်သူများ၊ နဝမတန်း တက်ရောက်ဆဲ/ကျရှုံးသူများ၊ ဒသမတန်း တက်နေဆဲ/ ကျရှုံးသူများအားလုံး    တက်ရောက်သင်ကြားနိုင်မည်ဖြစ်ကြောင်း သိရသည်။ အစိုးရနည်းပညာအထက်တန်းကျောင်း (ပင်းပက်)တွင် ကျောင်းသား ကျောင်းသူများအား  တစ်လလျှင်  ၃၀၀၀၀ ကျပ်နှင့် နေစရာအဆောင်များ စီစဉ်ပေးလျက်ရှိကြောင်း သိရသည်။


ပအိုဝ်းဒေသ(ပြန်/ဆက်)