မြေလွတ်၊မြေလပ်နှင့် မြေရိုင်းများနှင့်ပတ်သက်၍ ဆုံးဖြတ်သည့်နေရာတွင် စနစ်တကျ လုပ်ကိုင်ရန်၊ မှန်ကန်စွာနှင့် အများပြည်သူအတွက် အကျိုးရှိအောင်ဆောင်ရွက်
ထားဝယ် ဇွန် ၁၈
တနင်္သာရီတိုင်းဒေသကြီး မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများစီမံခန့်ခွဲရေးကော်မတီ၏(၆/၂၀၂၂) ကြိမ်မြောက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့နံနက် ၉ နာရီက ထားဝယ်မြို့ တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အကျိုးရှိအောင် ဆောင်ရွက်
အစည်းအဝေးတွင် တိုင်းဒေသကြီး မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲရေးကော်မတီဥက္ကဋ္ဌ၊ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကိုက တိုင်းဒေသ ကြီးအတွင်း မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းကိစ္စရပ် များနှင့် ပတ်သက်၍ စနစ်တကျနှင့် မှန်ကန်စွာ လုပ်ကိုင်ဆောင်ရွက်ရန်လိုအပ်ပြီး မမှန်မကန် လုပ်ကိုင်ဆောင်ရွက်မည်ဆိုပါက ရရှိလာသော အကျိုးဆက်သည် ရင်ဆိုင်ဖြေရှင်းရန်ခက်ခဲမှုနှင့် ကြုံတွေ့ရနိုင်ကြောင်း၊ မြေလွတ်၊မြေလပ်နှင့် မြေရိုင်း များနှင့်ပတ်သက်၍ ဆုံးဖြတ်သည့်နေရာတွင် စနစ် တကျ လုပ်ကိုင်ရန်၊ မှန်ကန်စွာနှင့် အများပြည်သူ အတွက် အကျိုးရှိအောင်ဆောင်ရွက်ရန် လိုအပ် ကြောင်း၊ တက်ရောက်လာသော ဌာနဆိုင်ရာ တာဝန်ရှိသူများအနေဖြင့် မှန်ကန်မျှတစွာ ဥပဒေ ဘောင်အတွင်းက လုပ်ကိုင်ဆောင်ရွက်ပေးကြရန် လိုအပ်ကြောင်းပြောကြားသည်။
တင်ပြချက်များအပေါ်
ညှိနှိုင်းဆောင်ရွက်ပေး
ထို့နောက် ကော်မတီအတွင်းရေးမှူး၊ တိုင်းဒေသ ကြီး လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီး ဌာန ညွှန်ကြားရေးမှူး ဦးဆန်းလင်းဦးက ဆောင်ရွက် ထားရှိမှု အခြေအနေများကို ရှင်းလင်းတင်ပြရာ ကော်မတီဝင်များက လိုအပ်သည်များ ဖြည့်စွက် ဆွေးနွေးခဲ့ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကို က ဆွေးနွေးတင်ပြချက်များအပေါ် ညှိနှိုင်းဆောင်ရွက် ပေးခဲ့ကြောင်းသိရသည်။
တိုင်းဒေသကြီး(ပြန်/ဆက်)



