သူနာပြုတက္ကသိုလ်(မန္တလေး) ပထမနှစ် သူနာပြုသိပ္ပံဘွဲ့ မောင်မယ်သစ်လွင်ကြိုဆို

 

မန္တလေး  ဇွန်   ၁၈


ပထမနှစ်    သူနာပြုသိပ္ပံဘွဲ့   (ပုံမှန်)   (၅/၂၀၂၂)မောင်မယ်သစ်လွင် ကြိုဆိုပွဲအခမ်းအနားကို ချမ်းမြ သာစည်မြို့နယ်  သူနာပြုတက္ကသိုလ်  (မန္တလေး)ရှိ တော်ဝင်သဇင်ခန်းမတွင် ယနေ့နံနက်ပိုင်းက ကျင်းပ ရာ မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ်  ဦးမောင်ကို၊ တိုင်းဒေသကြီးဝန်ကြီးများ၊  အလယ်ပိုင်းတိုင်းစစ်ဌာန ချုပ်    ဒုတိယတိုင်းမှူး   ဗိုလ်မှူးချုပ် အောင်ဇော်ထွေး၊ ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်များ၊ ပါမောက္ခ (ဌာနမှူး)များနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။

 


အခမ်းအနားတွင် တိုင်းဒေသကြီး ဝန်ကြီးချုပ်က ပြည်သူလူထုကျန်းမာရေး  စောင့်ရှောက်မှုပေးရာ တွင်    သူနာပြုများမှာ    မရှိမဖြစ်    အားအထားရဆုံး လူ့စွမ်းအားအရင်းအမြစ်များဖြစ်ပါကြောင်း၊  မေတ္တာ၊ ကရုဏာ၊ မုဒိတာ၊ ဥပေက္ခာ တည်းဟူသော ဗြဟ္မစိုရ် တရား လေးပါးအပေါ် အခြေခံထားကာ သူနာပြုသစ္စာ အဓိဋ္ဌာန်(၈)ချက်နှင့်အညီ မွန်မြတ်သော ကျန်းမာရေး ဝန်ဆောင်မှုလုပ်ငန်းများကို လုပ်ဆောင်နေကြရသူ များ ဖြစ်ပါကြောင်း၊ ပြည်သူလူထုအား ကျန်းမာရေး ဝန်ဆောင်မှုများပေးနိုင်ရန် နိုင်ငံ့ဝန်ထမ်းသူနာပြု များကို  သူနာပြုတက္ကသိုလ် နှစ်ခုနှင့်  သူနာပြုနှင့် သားဖွားသင်တန်းကျောင်း ၅၃ ကျောင်းတို့မှ နှစ်စဉ် မွေးထုတ်ပေးလျက်ရှိကြောင်း၊ မြို့ပြနှင့်ကျေးလက် တစ်ပြေးညီထိရောက်သည့်     ကျန်းမာရေးစောင့် ရှောက်မှုများပေးရာတွင် အရည်အသွေးပြည့်ဝသောကျွမ်းရှင်ပညာရှင်များဖြစ်အောင်  အချိန်ကိုတန်ဖိုး ရှိစွာ အသုံးချကာ ကြိုးစားလေ့လာသင်ယူကြရမည် ဖြစ်ကြောင်း၊   မည်သည့်အခက်အခဲ၊  အတားအဆီး များ တွေ့ကြုံရသည်ဖြစ်စေ မိမိရည်မှန်းချက်ပန်းတိုင် ရောက်အောင်သွားပြီး ဝန်ထမ်းကျင့်ဝတ်၊ စည်းကမ်း များကို လိုက်နာကာ ပြည်သူလူထုက အမှန်တကယ် အားကိုးအားထားပြုရထိုက်သူ နှလုံးလှသူနာပြုများ ဖြစ်အောင်    ကြိုးစားသွားကြရမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။ 

 


ဆက်လက်၍  ပညာသင်ထောက်ပံ့ကြေးအဖြစ် တိုင်းဒေသကြီးဝန်ကြီးချုပ်က  မိသားစုအလှူငွေ အဖြစ် ငွေကျပ် သိန်း ၂၀၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ နှင့်အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်တို့က  ငွေကျပ် ၁၀ သိန်း၊ မောင်မယ်သစ်လွင်ကြိုဆိုပွဲ    အခမ်းအနား အတွက် တိုင်းဒေသကြီးအစိုးရအဖွဲ့က ချီးမြှင့်ငွေကျပ် ၇၆၂၀၀၀ ၊စည်ပင်သာယာရေးဝန်ကြီး ဦးကျော်ဆန်း က   ချီးမြှင့်ငွေကျပ်    ၁၅   သိန်းတို့ကို   ပေးအပ်ရာ ကျောင်းသား ကျောင်းသူလေးများက ကျေးဇူးတင် စကားပြောကြားကာ  တက်ရောက်လာသူများအား တေးသရုပ်ဖော်အကများဖြင့်    ဖျော်ဖြေတင်ဆက် ပြီးနောက်     ကျန်းမာရေးနှင့်      ဆေးပညာဆိုင်ရာ ပြခန်းများကို   လှည့်လည်ကြည့်ရှုခဲ့ကြောင်း   သိရသည်။


သတင်းစဉ်