တန်ဖိုးမြင့် သစ်အချောထည်များ တိုးမြှင့်ထုတ်လုပ်ခြင်းဖြင့် ပြည်ပဈေးကွက်သို့ တင်ပို့

 

ရန်ကုန်  ဇွန်  ၁၈


သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးထွန်းအုံ သည် ယနေ့ နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး ကျောက်တန်း မြို့နယ်   သီလဝါအထူးစီးပွားရေးဇုန်အေရှိ   CPP Fertilizer စက်ရုံသို့ ကြည့်ရှုစစ်ဆေးပြီး  လုပ်ငန်းများ ဆောင်ရွက်ရာတွင်    ပတ်ဝန်းကျင်ထိန်းသိမ်းရေး ဆိုင်ရာ    စီမံခန့်ခွဲမှုအစီအစဉ်ပါ   ကတိကဝတ်များ အတိုင်း တိကျစွာလိုက်နာရေး မှာကြားသည်။ 

 


ဆက်လက်၍  ဒုတိယဝန်ကြီးသည်   သန်လျင် မြို့နယ်ရှိ မြန်မာ့သစ်လုပ်ငန်း၊ အမှတ်(၁)၊ အမှတ်(၂)၊ အမှတ်(၃)  ပရိဘောဂစက်ရုံများသို့   ရောက်ရှိပြီး စက်ရုံလည်ပတ်မှုအခြေအနေများနှင့်  လုပ်ငန်းစဉ် များကို ကြည့်ရှုစစ်ဆေးပြီး အရည်အသွေးပြည့်ဝသော တန်ဖိုးမြင့် သစ်အချောထည်များ တိုးမြှင့်ထုတ်လုပ် ခြင်းဖြင့် ပြည်တွင်းလိုအပ်ချက် ဖြည့်ဆည်းပေးနိုင်ရုံ သာမက ပြည်ပဈေးကွက်သို့ တင်ပို့နိုင်ရေး ကြိုးပမ်း ဆောင်ရွက်သွားရန် မှာကြားသည်။

 


မွန်းလွဲပိုင်းတွင် ဒုတိယဝန်ကြီးသည် ရန်ကင်း မြို့နယ်ရှိ    မြေတိုင်းဦးစီးဌာနရုံးသို့   သွားရောက် စစ်ဆေးသည်။ 
ထို့နောက်   ဒုတိယဝန်ကြီးသည်  သင်္ဃန်းကျွန်း မြို့နယ်ရှိ   ဇီဝလောင်စာသစ်မျိုးများ   သုတေသန စမ်းသပ်စိုက်ခင်း ၃၉  ဧကကို ကြည့်ရှုစစ်ဆေးပြီး သုတေသနရလဒ်အပေါ် အခြေခံ၍ လက်တွေ့ကျကျ ဆောင်ရွက်မှသာ စိုက်ခင်းတည်ထောင်ခြင်းလုပ်ငန်း အောင်မြင်နိုင်မည်ဖြစ်သဖြင့် သစ်မျိုးနှင့် စိုက်ပျိုး နည်းစနစ် မှန်ကန်မှုရှိစေရေး သုတေသနဆောင်ရွက် ရန်၊  စမ်းသပ်ကွက်များ၏   အပင်ကြီးထွားမှုနှင့် ရှင်သန်အောင်မြင်မှုတို့ကို      မှတ်တမ်းထားရှိရန် မှာကြားခဲ့ကြောင်း သိရသည်။

သတင်းစဉ်