အာဒစ်အဘာဘာ ဇွန် ၁၇
အီသီယိုးပီးယားနိုင်ငံက ဦးစားပေးဖွံ့ဖြိုးတိုးတက်မှုကဏ္ဍအသီးသီး၌ တရုတ်နိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှုပမာဏ တိုးပွားလာစေရေး အတွက် မျှော်လင့်နေကြောင်း အီသီယိုးပီးယား အစိုးရအဖွဲ့ အဆင့်မြင့်အရာရှိတစ်ဦးက ဆိုသည်။
အီသီယိုးပီးယားနိုင်ငံသည် အဓိက အားဖြင့် ရွေးချယ်ထားသည့် ဦးစားပေးရင်းနှီး မြှုပ်နှံမှု ကဏ္ဍအသီးသီး၌ နိုင်ငံ၏ ရင်းနှီး မြှုပ်နှံမှုဂေဟစနစ်ကို လွယ်ကူချောမောစေ ခြင်းနှင့် ဖြေလျှော့ခြင်းတို့ဖြင့် အလားအလာ ရှိသည့် တရုတ်ရင်းနှီးမြှုပ်နှံသူများအား ပိုမိုဆွဲဆောင်နိုင်ရေးအတွက် အမျိုးမျိုးသော ရှုထောင့်များကို ဗျူဟာချခဲ့ကြောင်း အီသီ ယိုးပီးယား ရင်းနှီးမြှုပ်နှံမှုကော်မရှင်(EIC)မှ ကော်မရှင်နာ Lelise Neme က ပြောကြားသည်။
အီသီယိုးပီးယားအစိုးရအဖွဲ့သည် မကြာမီ ကာလအတွင်း နိုင်ငံတစ်ဝန်း တည်ဆောက် ထားသည့် စက်မှုလုပ်ငန်းဆိုင်ရာ ဇုန်များ တွင် ရင်းနှီးမြှုပ်နှံရန် အလားအလာရှိသည့် တရုတ်နှင့် အခြား နိုင်ငံခြားရင်းနှီးမြှုပ်နှံသူ များအား ဆွဲဆောင်နိုင်ရန် ကြိုးပမ်းလျက်ရှိသည်။
အီသီယိုးပီးယား ရင်းနှီးမြှုပ်နှံမှုကော်မရှင် (EIC)၏ အချက်အလက်များအရ ကိုဗစ်-၁၉ ရောဂါ သက်ရောက်မှုများ ရှိနေသော်လည်း ဇူလိုင် ၇ ရက်တွင် ပြီးဆုံးမည့် ၂၀၂၁-၂၀၂၂ အီသီယိုးပီးယား ဘဏ္ဍာရေးနှစ်၏ ပထမ ကိုးလအတွင်း အီသီယိုးပီးယားနိုင်ငံ၌ တရုတ် ရင်းနှီးမြှုပ်နှံမှုစီမံကိန်း ၃၀ ခန့် အကောင် အထည်ဖော်မှု စတင်ခဲ့ကြောင်း သိရသည်။
သတင်းရင်းမြစ်များ
မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့၊ စီးပွားရေးသံမှူး များ၏ ပေးပို့မှုအချက်အလက်များ။
ခင်ရတနာ စုစည်းဖော်ပြသည်၊၊



