ဖနောင်ပင် ဇွန် ၁၇
ကမ္ဘောဒီးယားနိုင်ငံ၏ စီမံကိန်း ၁၃ ခု အကောင်အထည်ဖော် ဆောင်ရွက်ရန်အတွက် လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်ရေး (LMC)အထူးရန်ပုံငွေ ၂၀၂၂ မှ အမေရိကန် ဒေါ်လာ ၄ ဒသမ ၃ သန်းကျော်ကို တရုတ် နိုင်ငံက ဇွန် ၁၃ ရက်တွင် ပေးအပ်ခဲ့သည်။
ကမ္ဘောဒီးယားနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံ သံအမတ် Wang Wentian၊ ကမ္ဘောဒီးယား ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီး Prak Sokhonn တို့က ရန်ပုံငွေလွှဲပြောင်းခြင်း ဆိုင်ရာ သဘောတူညီချက်အား လက်မှတ် ရေးထိုးခဲ့ကြသည်။ စီမံကိန်းသစ်များသည် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းကာကွယ် ရေး၊ ဒစ်ဂျစ်တယ်စီးပွားရေး၊ လေကြောင်း၊ အဆောက်အအုံ၊ သတင်းအတုများ တိုက်ဖျက်ရေး၊ လူဝင်မှုနှင့် နယ်စပ်ထိန်းချုပ် ရေး အစရှိသည့် နယ်ပယ်များအပေါ်တွင် အဓိကထားကြောင်း သိရသည်။
လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက် ရေး(LMC)သည် တက်ကြွသည့် ပူးပေါင်း ဆောင်ရွက်ရေးယန္တရား တစ်ခုဖြစ်လာခဲ့ပြီး ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှု စတင်ချိန်မှစ၍ LMC ခြောက်နိုင်ငံသည် ကပ်ရောဂါတိုက်ဖျက် ရေးနှင့် စီးပွားရေးပြန်လည် ဦးမော့လာရေး အတွက် တက်တက်ကြွကြွပူးပေါင်းဆောင် ရွက် လုပ်ဆောင်ခဲ့ကြသည်။ လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်ရေး(LMC) ခြောက်နိုင်ငံ တွင် တရုတ်နိုင်ငံ၊ မြန်မာနိုင်ငံ၊ ထိုင်းနိုင်ငံ၊ ကမ္ဘောဒီးယားနိုင်ငံနှင့် ဗီယက်နမ်နိုင်ငံတို့ ပါဝင်ပြီး LMC အထူးရန်ပုံငွေကို ၂၀၁၆ ခုနှစ်တွင် စတင်ခဲ့ချိန်မှစ၍ LMC နိုင်ငံများ၏ လူမှုစီးပွားဖွံ့ဖြိုးမှု တိုးမြှင့်ရေးအတွက် သေချာသောရလဒ်များ ပေးအပ်ခဲ့ပြီး ပံ့ပိုးပေး ခဲ့ကြောင်း နိုင်ငံခြားရေးဝန်ကြီး Prak Sokhonn က ပြောကြားသည်။
သတင်းရင်းမြစ်များ
မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့၊ စီးပွားရေးသံမှူး များ၏ ပေးပို့မှုအချက်အလက်များ။
ခင်ရတနာ စုစည်းဖော်ပြသည်၊၊



