နေပြည်တော် ဇွန် ၁၇
အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်၏ ၂၀၂၂ ခုနှစ် တိုင်းမှူးဒိုင်း ရေကူး ပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုပေးပွဲကို ယနေ့နံနက်ပိုင်းတွင် တိုင်းစစ် ဌာနချုပ်ရှိ နန်းမြို့ရေကူးကန်၌ ကျင်းပရာ ဒုတိယတိုင်းမှူး ဗိုလ်မှူးချုပ် အောင်ဇော်ထွေးနှင့် တာဝန်ရှိသူများ၊ ဒိုင်အဖွဲ့ဝင်များ၊ ပြိုင်ပွဲဝင် အားကစားသမားများနှင့် အားကစားဝါသနာရှင်များ တက်ရောက်ကြသည်။
ဦးစွာ ဒုတိယတိုင်းမှူး နှင့် တက်ရောက်လာကြသူများက ပြိုင်ပွဲဝင် ကစားသမားများ၏ အလွတ်ကူးမီတာ ၁၀၀ နှင့် လေးမျိုးကူးမီတာ ၅၀ လက်ဆင့် ကမ်း ဗိုလ်လုပွဲယှဉ်ပြိုင်မှုများကို ကြည့်ရှုအားပေးကြသည်။
ထို့နောက် ဆုပေးပွဲကို ဆက်လက်ကျင်းပရာ တစ်ဦးချင်း ဆုရရှိသူများ၊ အသင်းလိုက်ဆု ရရှိကြသူများနှင့် ဒိုင်းဆုရရှိသည့် မန္တလေးတပ်နယ် အသင်းတို့ကို ဒုတိယတိုင်းမှူးနှင့် တာဝန်ရှိသူ များက ဒိုင်းဆုနှင့် ဂုဏ်ပြုဆုများ ပေးအပ်ချီးမြှင့်ကြသည်။
အဆိုပါ ရေကူးပြိုင်ပွဲကို တိုင်းစစ်ဌာနချုပ် ကွပ်ကဲမှု အောက်တပ်နယ်များမှ ပြိုင်ပွဲဝင် အားကစားသမား ၉၃ ဦးဖြင့် ရေကူးကစားနည်း လေးမျိုးတို့ကို ဇွန် ၁၃ ရက်မှ ယနေ့အထိ ယှဉ်ပြိုင်ကစားခဲ့ကြကြောင်း သိရသည်။
သတင်းစဉ်



