မြောက်ဦး ဇွန် ၁၇
ရခိုင်ပြည်နယ် မြောက်ဦး မြို့နယ်အတွင်းရှိ ၂၀၂၂ ခုနှစ် မိုးရာသီ ICM စီမံချက်အရ အရိပ်ရသစ်ပင်များ တစ်အုပ်တစ်မ သစ်ပင်စိုက်ပျိုးပွဲတော်ကို ယမန် နေ့က ဗန္ဓုလရပ်ကွက် စန္ဒမုနိ ဘုန်းတော်ကြီး ကျောင်းဝင်း အတွင်း၌ သစ်ပင်စိုက်ပျိုးပွဲတော် အခမ်းအနားကို ကျင်းပခဲ့ကြောင်း သိရသည်။
အဆိုပါ အခမ်းအနားသို့ သစ်တောဦးစီးဌာနမှ မြို့နယ် ဦးစီးမှူး ဦးကောင်းမြတ်လှိုင်နှင့် ဝန်ထမ်းများ၊ ပရဟိတအဖွဲ့ဝင် များ၊ ဗန္ဓုလရပ်ကွက်အတွင်းရှိ နေထိုင်ကြသော ဒေသခံပြည်သူ များ၊ စန္ဒမုနိဘုရားမှ ဂေါပက အဖွဲ့ဝင်တို့ တက်ရောက်ခဲ့ကြသည်။
ဆက်လက်၍ မိုးရာသီ ICM စီမံချက်အရ အရိပ်ရသစ်ပင်များ တစ်အုပ်တစ်မ သစ်ပင်စိုက်ပျိုးပွဲ တော်၏ ပျိုးပင်များတွင် ကျွန်း ပင် ၁၀၀၊ ပျဉ်းကတိုးပင် ၁၀၀ ၊ ယူကလစ်ပင် ၁၀၀၊ မန်ဂျန်ရှားပင် ၇၀၀ စုစုပေါင်း အပင် ၁၀၀၀ တို့ကို သစ်တောဦးစီးဌာနမှ ဝန်ထမ်းများ၊ ပရဟိတအဖွဲ့ဝင်များ၊ ဒေသခံ ပြည်သူများ၊ ဂေါပကအဖွဲ့ဝင်များ စုစုပေါင်း ၁၀၀ ခန့် တက်ရောက် စိုက်ပျိုးခဲ့ကြောင်း သိရသည်။
မြင့်စိုး (ပြန်/ဆက်)



