နေပြည်တော် ဇွန် ၁၇
တပ်မတော်သူနာပြုနှင့် ဆေး ဘက်ပညာတက္ကသိုလ်၏ (၂၅)ကြိမ်မြောက် ဘွဲ့နှင်းသဘင် အခမ်းအနားကို ယနေ့နံနက်ပိုင်း တွင် ရန်ကုန်တိုင်းဒေသကြီး မင်္ဂလာဒုံမြို့နယ်ရှိ တပ်မတော် သူနာပြုနှင့် ဆေးဘက်ပညာ တက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမ၌ ကျင်းပရာ တပ်မတော်သူနာပြု နှင့် ဆေးဘက်ပညာတက္ကသိုလ် ကျောင်းအုပ်ကြီး ဗိုလ်မှူးချုပ် ဝင်းဗိုလ်၊ တပ်မတော်သူနာပြု နှင့် ဆေးဘက်ပညာ တက္ကသိုလ် ပါမောက္ခချုပ် ဗိုလ်မှူးကြီး ဒေါ်မေခင်သိန်းနှင့် တပ်မတော် သူနာပြုနှင့် ဆေးဘက်ပညာ တက္ကသိုလ်ပညာရေးအဖွဲ့ဝင်များ တက်ရောက်ကြသည်။
အစီအစဉ်အရ တပ်မတော် သူနာပြုနှင့် ဆေးဘက်ပညာ တက္ကသိုလ် ကျောင်းအုပ်ကြီး၊ ပါမောက္ခချုပ်နှင့် ပညာရေးအဖွဲ့ ဝင်များသည် ဘွဲ့နှင်းသဘင်ခန်းမ သို့ ဝင်ရောက်၍ သတ်မှတ်နေရာ များတွင် နေရာယူကြပြီး မြန်မာ့ ဆိုင်းတူရိယာအဖွဲ့က နိုင်ငံတော် သီချင်းတီးမှုတ်ကာ ဘွဲ့နှင်းသဘင် အခမ်းအနားကို ဖွင့်လှစ်သည်။ ထို့နောက် ကျောင်းအုပ်ကြီးက ဘွဲ့နှင်းသဘင် ကျင်းပကြောင်း ကြေညာပြီး ဘွဲ့ယူမည့်သူများအား ကတိသစ္စာခံယူစေခြင်း၊ သက်ဆိုင် ရာ ပါမောက္ခ/ ကထိကဌာနမှူး များက ဘွဲ့ယူမည့်သူများကို ပါမောက္ခချုပ်ထံသို့ ပို့ဆောင်ခြင်း တို့ကို အစီအစဉ်အတိုင်း ဆောင်ရွက်ကြသည်။
ဆက်လက်၍ ပါမောက္ခချုပ် က သူနာပြုပါရဂူဘွဲ့သင်တန်းသူ ရှစ်ဦး၊ သူနာပြုမဟာသိပ္ပံဘွဲ့ သင်တန်းသား သင်တန်းသူ ၄၃ ဦး၊ ဆေးဝါးမဟာသိပ္ပံဘွဲ့ သင်တန်းသား ရှစ်ဦး၊ ဆေးဘက် ဆိုင်ရာ နည်းပညာမဟာသိပ္ပံဘွဲ့ သင်တန်းသား ၁၈ ဦး၊ ဆေးပညာ သင်ကြားရေး ဘွဲ့လွန်ဒီပလိုမာ သင်တန်းသား သင်တန်းသူ ၇၂ ဦး၊ ဆေးဘက်ဆိုင်ရာ အသံလွန် လှိုင်းဖြင့် ရောဂါရှာဖွေခြင်း နည်းပညာ ဒီပလိုမာသင်တန်း သား ခြောက်ဦး၊ အထူးကြပ်မတ် သူနာပြုစုမှုဒီပလိုမာ သင်တန်း သား သင်တန်းသူ ရှစ်ဦးနှင့် ခွဲစိတ်ခန်းသူနာပြုစုမှု ဒီပလိုမာ သင်တန်းသား သင်တန်းသူ ၃၀ တို့အား ဘွဲ့များအပ်နှင်းကာ ဘွဲ့ရသူများအား ကျောင်းအုပ် ကြီးက ဘွဲ့များနှင့်လျော်ညီသော အဆောင်အယောင် အမှတ် လက္ခဏာဖြစ်သည့် ဝတ်ရုံများကို ဝတ်ဆင်ခွင့်ပြုခဲ့ပြီး ဘွဲ့နှင်း သဘင် မှတ်တမ်းစာအုပ်တွင် လက်မှတ်ရေးထိုးသည်။
ယင်းနောက် ကျောင်းအုပ်ကြီး က ဘွဲ့နှင်းသဘင်မိန့်ခွန်း ပြောကြားပြီး အခမ်းအနားကို ရုပ်သိမ်းကြောင်း ကြေညာကာ တပ်မတော် သူနာပြုနှင့် ဆေးဘက်ပညာ တက္ကသိုလ် ကျောင်းအုပ်ကြီး၊ ပါမောက္ခချုပ် နှင့် ပညာရေးအဖွဲ့ဝင်များသည် ဘွဲ့နှင်းသဘင်ခန်းမမှ ပြန်လည် ထွက်ခွာသွားကြကြောင်း သိရသည်။
သတင်းစဉ်



