နေပြည်တော် ဇွန် ၁၇
နေပြည်တော်ကောင်စီရုံး ၂၀၂၂ ခုနှစ် မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲအခမ်းအနားကို ယနေ့နံနက် ၈ နာရီတွင် နေပြည်တော်ကောင်စီရုံးဝင်းအတွင်းရှိ သတ်မှတ်နေရာ၌ကျင်းပရာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဒေါက်တာ မောင်မောင်နိုင်၊ နေပြည်တော်ကောင်စီအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် ဝန်ထမ်းများ တက်ရောက်ကြသည်။
ရှေးဦးစွာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဒေါက်တာမောင်မောင်နိုင်က အမှာစကားပြောကြား ပြီး မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲ အထိမ်းအမှတ်အဖြစ် ပိတောက်ပင်ကို စိုက်ပျိုးပေးသည်။
ထို့နောက် နေပြည်တော်ကောင်စီအဖွဲ့ဝင် ဗိုလ်မှူးကြီး မင်းနောင်က မဟော်ဂနီပင်ကိုလည်း ကောင်း၊ နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးဇေယျာလင်း က ပျဉ်းကတိုးပင်ကိုလည်းကောင်း၊ နေပြည်တော် ကောင်စီအဖွဲ့ဝင် ဦးမြင့်စိုးက တမလန်းပင်ကိုလည်း ကောင်း၊ နေပြည်တော်ကောင်စီအဖွဲ့ဝင် ရဲမှူးကြီး ကိုကိုလွင်က ယင်းမာပင်ကိုလည်းကောင်း၊ နေပြည် တော် ကောင်စီအဖွဲ့ဝင် ဦးကျော်သိန်းဆိုင်က ကျွန်းပင် ကိုလည်းကောင်း၊ နေပြည်တော်ကောင်စီ အတွင်းရေး မှူး ဒေါ်ဆွေဆွေနိုင်က ဆီသပြေပင်ကိုလည်းကောင်း သတ်မှတ်နေရာများတွင် စိုက်ပျိုးပေးကြသည်။
ယင်းနောက် ဌာနဆိုင်ရာတာဝန်ရှိသူများက သတ်မှတ်နေရာများ၌ စုပေါင်းသစ်ပင်စိုက်ပျိုးနေမှု အခြေအနေများကို နေပြည်တော်ကောင်စီဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက လှည့်လည်ကြည့်ရှုအားပေး ကြသည်။
ယနေ့ကျင်းပသည့် နေပြည်တော်ကောင်စီရုံး မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲတွင် ကျွန်း၊ ပျဉ်းကတိုး၊ ပိတောက်၊ တမလန်း၊ ယင်းမာ၊ မဟော်ဂနီ၊ စစ်၊ မန်ဂျန်ရှား၊ ဆီသပြေပင် စသည့်ပျိုးပင်မျိုးစုံ စုစုပေါင်း ၂၀၀ ကို စိုက်ပျိုးခဲ့ကြကြောင်း သိရသည်။
ထွန်းထွန်းဝင်း (ခရိုင်ပြန်/ဆက်)



