နေပြည်တော် ဇွန် ၁၇
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုး ရေးဝန်ကြီးဌာန၏ နှစ်ပတ်လည် နေ့ကို ဂုဏ်ပြုသောအားဖြင့် မိုးရာသီ သစ်ပင်စိုက်ပျိုးခြင်းနှင့် ငါးမျိုးစိုက်ထည့်ခြင်း အခမ်းအနား များကို ယနေ့ နံနက်ပိုင်းက အဆိုပါဝန်ကြီးရုံး၌ ကျင်းပသည်။
အခမ်းအနားတွင် ပြည် ထောင်စုဝန်ကြီး ဦးလှမိုးနှင့် ဒုတိယဝန်ကြီး ဦးမြင့်စိုးတို့က ဦးစီးဌာနများသို့ ပျိုးပင်များ ပေးအပ်ကာ ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီး၊ အမြဲတမ်းအတွင်း ဝန်နှင့် ညွှန်ကြားရေးမှူးချုပ်များ က ရတနာတန်းဝင် ကျွန်းပင်များ ကို စိုက်ပျိုးကြပြီး ဦးစီးဌာနများမှ ဝန်ထမ်းများက မိမိတို့ သတ်မှတ် နေရာများတွင် ပျိုးပင်များ စိုက်ပျိုး ကြသည်။ ဝန်ကြီးဌာနအနေဖြင့် ယခုနှစ်တွင် ရတနာတန်းဝင် ကျွန်း၊ မဟော်ဂနီနှင့် စွယ်တော် ပျိုးပင်ပေါင်း ၅၀၀ ကို စိုက်ပျိုးခဲ့ ကြသည်။
ဆက်လက်၍ ဝန်ကြီးဌာန နှစ်ပတ်လည်နေ့အထိမ်းအမှတ် ငါးမျိုးစိုက်ထည့်ခြင်း အခမ်းအနား ကို ကျင်းပရာ ပြည်ထောင်စု ဝန်ကြီး၊ ဒုတိယဝန်ကြီး၊ အမြဲတမ်း အတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ် များနှင့် ဝန်ထမ်းများက ရွှေဝါ ငါးကြင်း သားပေါက်ကောင်ရေ ၁၀၀၀၀၊ ငါးမြစ်ချင်း ငါးသား ပေါက်ကောင်ရေ ၁၀၀၀၀ နှင့် ထိုင်းငါးခုံးမကြီး သားပေါက် ကောင်ရေ ၃၀၀ စုစုပေါင်း ငါးမျိုး စိတ် သုံးခု၊ ငါးသားပေါက်ကောင် ရေ ပေါင်း ၂၀၃၀၀ ကို ဝန်ကြီးဌာန ဘေးရှိ ငါးမွေးမြူရေးကန် လေးကန်အတွင်းသို့ စိုက်ထည့်ကြသည်။
ထို့နောက် နှစ်ပတ်လည်နေ့ အထိမ်းအမှတ် ဝန်ထမ်းများ အတွက် အမှတ်တရလက်ဆောင်၊ ဆန်နှင့်စားသုံးဆီများ ထောက်ပံ့ ခြင်း၊ ဝန်ထမ်းသားသမီးများ အတွက် ကျောင်းဝတ်စုံများ ထောက်ပံ့ခြင်း အခမ်းအနားကို ကျင်းပရာ ပြည်ထောင်စုဝန်ကြီးက အမှာစကား ပြောကြားသည်။
ယင်းနောက် ပြည်ထောင်စု ဝန်ကြီးက ပြည်ထောင်စုဝန်ကြီးရုံး၊ ဦးစီးဌာန သုံးခု၊ တိုင်းဒေသကြီး နှင့် ပြည်နယ်များအပါအဝင် တက္ကသိုလ် နှစ်ခုတို့မှ ဝန်ထမ်း စုစုပေါင်း ၁၁၆၉၆ ဦးအတွက် တီရှပ်များနှင့် ဝန်ကြီးဌာန(ရုံးချုပ်)ရှိ ဝန်ထမ်း ၇၇၄ ဦးအတွက် ဆန် အိတ်များ ပေးအပ်ပြီး ဒုတိယ ဝန်ကြီးက ပြည်ထောင်စုဝန်ကြီး ရုံးနှင့်ဦးစီးဌာန(ရုံးချုပ်) သုံးခုတို့မှ ဝန်ထမ်းသားသမီး ၃၉၅ ဦးတို့ အတွက် ကျောင်းဝတ်စုံနှင့် ဝန်ထမ်း ၁၁၄၆ ဦးတို့အတွက် စားသုံးဆီများ ထောက်ပံ့ပေးအပ်သည်။
ဆက်လက်၍ သီရိဂန္ဓမာ သပြေအေး မိုးကုတ်ဝိပဿနာ ရိပ်သာကျောင်းတိုက်၊ ပဓာဏ နာယက ဆရာတော် အရှင်ဂန္ဓ မာလာထံမှ ငါးပါးသီလခံယူပြီး ဆရာတော်အရှင်သူမြတ်များထံမှ ပရိတ်တရားတော်များ နာယူ၍ ဆရာတော်အရှင်သူမြတ်များအား လှူဖွယ်ဝတ္ထုပစ္စည်းများ ဆပ်ကပ် လှူဒါန်းကာ နေ့ဆွမ်းများ ဆပ်ကပ် လှူဒါန်းခဲ့ကြကြောင်း သိရသည်။
သတင်းစဉ်



