နေပြည်တော် ဇွန် ၁၆
ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်းသည် ယနေ့ နံနက်ပိုင်းတွင် အပြည်ပြည်ဆိုင်ရာကြက်ခြေနီကော်မတီ(ICRC) မှ အာရှ - ပစိဖိတ်ဒေသဆိုင်ရာ ညွှန်ကြားရေးမှူး Ms. Christine CIPOLLA ဦးဆောင်သည့် ကိုယ်စားလှယ် အဖွဲ့အား ကျန်းမာရေးဝန်ကြီးဌာန ဧည့်ခန်းမဆောင် ၌ လက်ခံတွေ့ဆုံဆွေးနွေးသည်။
အမြင်ချင်းဖလှယ် ဆွေးနွေး
တွေ့ဆုံစဉ် ဝန်ကြီးဌာနနှင့် ICRC တို့အကြား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆက်လက် ပူးပေါင်းဆောင်ရွက်နိုင်ရေး၊ နှစ်ဦးနှစ်ဖက် လက်မှတ် ရေးထိုးထားသည့် Regional Agreement များ သက်တမ်းတိုးရေးကိစ္စ၊ ကျန်းမာရေးဝန်ကြီးဌာန အနေဖြင့် အဓိကဆက်သွယ်ရသည့် ဝန်ကြီးဌာန ဖြစ်သည့်အတွက် ICRC မှ မြန်မာနိုင်ငံအတွင်း ဆောင်ရွက်လျက်ရှိသည့် လူသားချင်းစာနာထောက် ထားမှု အကူအညီများအတွက် သက်ဆိုင်ရာ နှီးနွှယ် ဝန်ကြီးဌာနများ၊ တိုင်းဒေသကြီး/ ပြည်နယ်အစိုးရ အဖွဲ့များနှင့် ညှိနှိုင်းဆောင်ရွက်ပေးနေမှုနှင့် ပိုမို ကျယ်ပြန့်စွာ ဆက်လက်ဆောင်ရွက်နိုင်ရေးကိစ္စ၊ ICRC နှင့် မြန်မာနိုင်ငံ ကြက်ခြေနီအသင်းတို့ ပိုမို ပူးပေါင်းဆောင်ရွက်နိုင်မည့် ကိစ္စရပ်များ UDK အစရှိသည်တို့အား ရင်းနှီးခင်မင်စွာ အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
သတင်းစဉ်



